ပကာသနတွေမပါတဲ့ ရိုးရိုးရှင်းရှင်းမင်္ဂလာဆွမ်းကျွေးပွဲလေးလုပ်ကာ ချစ်ရသူလေးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ အဆိုတော် ဝန
ပရိသတ်တွေရင်ထဲရောက်အောင် သီချင်းကောင်းလေးတွေသီဆိုတတ်တဲ့ အဆိုတော်ဝနကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ပေမယ့် အနေအထိုင်အေးဆေးသူတစ်ယောက်ပါပဲ။”အနီးဆုံးလူ”၊ “အမြင့်ဆုံးမှာ”၊ “အရှုံးနဲ့လူ” စတဲ့ သီချင်းတွေဟာလည်း ဝနရဲ့ အအောင်မြင်ဆုံးတေးသီချင်းတွေဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်မှုအများဆုံးရရှိထားတဲ့ သီချင်းတွေဆိုလည်း မမှားပါဘူး။
ချစ်သူသက်တမ်း (၃) နှစ်ပြည့်နေ့မှာ ချစ်သူကို တောင်းရမ်းလက်ထပ်ခွင့်တောင်းခဲ့တဲ့ ဝနဟာ မနေ့က ဇူလိုင်လ (၁၀) ရက်နေ့မှာတော့ သူတို့ချစ်သူနှစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေးပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။ ဝနတို့ချစ်သူနှစ်ယောက်ဟာ မင်္ဂလာပွဲကို ပကာသနတွေမပါပဲ နှစ်ဖက်သောလူကြီးမိဘတွေရဲ့ ရှေ့မှောက်မှာပဲ မင်္ဂလာဆွမ်းကျွေးပွဲလေးပြုလုပ်ကာ ရိုးရိုးရှင်းရှင်းလက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။
ဝနကတော့ သူနဲ့ (၃) နှစ်တိုင်တိုင်ချစ်ခဲ့တဲ့ အချစ်ဆုံး ချစ်သူလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ ဝနတို့ ဇနီးမောင်နှံနှစ်ယောက် ယနေ့မှစ နှစ်တစ်ရာတိုင် မခွဲမခွာ သက်ဆုံးတိုင် အတူတူပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: WA NA ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ပကာသနေတြမပါတဲ့ ႐ိုး႐ိုးရွင္းရွင္းမဂၤလာဆြမ္းေကြၽးပြဲေလးလုပ္ကာ ခ်စ္ရသူေလးနဲ႔ လက္ထပ္လိုက္ၿပီျဖစ္တဲ့ အဆိုေတာ္ ဝန
ပရိသတ္ေတြရင္ထဲေရာက္ေအာင္ သီခ်င္းေကာင္းေလးေတြသီဆိုတတ္တဲ့ အဆိုေတာ္ဝနကေတာ့ နာမည္ႀကီးအဆိုေတာ္တစ္ေယာက္ျဖစ္ေပမယ့္ အေနအထိုင္ေအးေဆးသူတစ္ေယာက္ပါပဲ။”အနီးဆုံးလူ”၊ “အျမင့္ဆုံးမွာ”၊ “အရႈံးနဲ႔လူ” စတဲ့ သီခ်င္းေတြဟာလည္း ဝနရဲ႕ အေအာင္ျမင္ဆုံးေတးသီခ်င္းေတြျဖစ္ၿပီး ပရိသတ္ႀကိဳက္ႏွစ္သက္မႈအမ်ားဆုံးရရွိထားတဲ့ သီခ်င္းေတြဆိုလည္း မမွားပါဘူး။
ခ်စ္သူသက္တမ္း (၃) ႏွစ္ျပည့္ေန႔မွာ ခ်စ္သူကို ေတာင္းရမ္းလက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ဝနဟာ မေန႔က ဇူလိုင္လ (၁၀) ရက္ေန႔မွာေတာ့ သူတို႔ခ်စ္သူႏွစ္ေယာက္ရဲ႕ မဂၤလာဆြမ္းေကြၽးပြဲေလးကို ျပဳလုပ္ခဲ့ပါတယ္။ ဝနတို႔ခ်စ္သူႏွစ္ေယာက္ဟာ မဂၤလာပြဲကို ပကာသနေတြမပါပဲ ႏွစ္ဖက္ေသာလူႀကီးမိဘေတြရဲ႕ ေရွ႕ေမွာက္မွာပဲ မဂၤလာဆြမ္းေကြၽးပြဲေလးျပဳလုပ္ကာ ႐ိုး႐ိုးရွင္းရွင္းလက္ထပ္ခဲ့တာပဲျဖစ္ပါတယ္။
ဝနကေတာ့ သူနဲ႔ (၃) ႏွစ္တိုင္တိုင္ခ်စ္ခဲ့တဲ့ အခ်စ္ဆုံး ခ်စ္သူေလးနဲ႔ ေ႐ႊလက္တြဲလက္ထပ္ခဲ့ၿပီပဲျဖစ္ပါတယ္။ ဝနတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ယေန႔မွစ ႏွစ္တစ္ရာတိုင္ မခြဲမခြာ သက္ဆုံးတိုင္ အတူတူေပါင္းဖက္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: WA NA ‘s fb