နှလုံးရောဂါကြောင့် ဒီကနေ့ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ အကယ်ဒမီ သီဟတင်စိုး

မင်းသားကြီး သီဟတင်စိုးကတော့ အနုပညာလောကရဲ့ကဝေကြီးတစ်ပါးလို့ဆိုရလောက်အောင် သရုပ်ဆောင်ကောင်းမွန်ပြီး အနုပညာအရည်အချင်းတွေနဲ့ ပြည့်ဝသူတစ်ယောက်ပဲဖြစ်ပါတယ်။ သီဟတင်စိုးဟာ တော်လှန်ရေးနဲ့ မျိုးချစ် ဇာတ်ကားတွေကို အများဆုံးရိုက်ကူးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

သီဟတင်စိုးရဲ့ နာရေးအကြောင်းကို “21-2-2023 ဝမ်းနည်းကြေကွဲရခြင်း.. ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ သွားနှင့်တော့ ကိုသီဟရေ။ အကိုနဲ့ ချိန်းထားတာတောင် မတွေ့ဆုံရတော့ဘူးပေါ့။ ကောင်းရာသုဂတိလားပါစေ ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။ သာဓုခေါ်ပါ အကို။ #ဝေဠုကျော်” ဆိုပြီး ဝေဠုကျော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သီဟတင်စိုးရဲ့ ဇနီး သရုပ်ဆောင် ဇင်မာဦးကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် မတ်လ (၁၁) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သီဟတင်စိုးက သူ့ရဲ့ဇနီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့်ခါနီးမှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကချစ်တဲ့ မင်းသားကြီး သီဟတင်စိုး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thiha Tin Soe’s fb

error: Alert: Content is protected !!