နှစ် (၂၀) ကြာခံစားခဲ့ရတဲ့ ဝေဒနာတစ်ခုသက်သာဖို့ ခွဲစိတ်ကုသမှုခံယူခဲ့တယ်ဆိုတဲ့ ပိုးမမှီသာ
ပရိသတ်တွေရဲ့ နှလုံးသားကို နွေးထွေးမှုတွေအပြည့်ပေးနိုင်တဲ့ မင်းသမီးလေး ပိုးမမှီသာက လက်ရှိမှာ အောင်မြင်စပြုနေပြီး အနုပညာလောကမှာ နာမည်တစ်လုံးရရှိနေပြီပဲ ဖြစ်ပါတယ်။ ပိုးမမှီသာဟာ ဆေးကျော်းသူလေးတစ်ယောက်လည်းဖြစ်သလို တက်သစ်စမင်းသမီးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိသတ်တွေကတော့ သူမကို ဆရာဝန် မင်းသမီးလေးလို့ ခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ပိုးမမှီသာဟာ နှစ်ပေါင်း (၂၀) တိတိခံစားခဲ့ရတဲ့ သူမရဲ့ဝေဒနာတစ်ခုကို အပြီးတိုင်စွန့်လွှတ်ခဲ့ပြီဖြစ်တယ်လို့ ပြောပြလာပါတယ်။ ပိုးမမှီသာက နှစ် (၂၀) လောက် မျက်မှန်အထူကြီးတွေဝတ်ဆင်ခဲ့ရပြီး ဒီတစ်ခါမှာတော့ မျက်လုံးကို လေဆာပစ်ပြီး မျက်မှန်ပါဝါကိုဖျောက်တဲ့ ကုသမှုခံယူခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘုတ် Story မှာ မျှဝေပေးခဲ့ပါတယ်။
ပိုးမမှီသာကတော့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် မျက်မှန်အထူကြီးတွေကို ဝတ်ဆင်ဖို့မဖြစ်နိုင်တော့တာကြောင့် အခုလိုမျက်စိကိုလေဆာပစ်ကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။ ပိုးမမှီသာကတော့ မျက်မှန်အထူကြီးတွေဝတ်ဆင်ရတဲ့ ပုလင်းဖင်ဘဝကနေ လုံးဝကျွတ်လွတ်သွားပြီမို့ သူမကိုယ်သူမကျေနပ်နေတာပဲဖြစ်ပါတယ်
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Poe Mamhe Thar ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်