Source:Sweet Wutt Yi Thaung’s fb
နှစ်ယောက်တည်းချိန်းတွေ့ရင်း ပျော်ရွှင်ဖွယ်အချိန်တွေကုန်ဆုံးခဲ့တယ်ဆိုတဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်း
အဆိုတော် ဆွိဝတ်ရည်သောင်းနဲ့ အဆိုတော် ကျားပေါက်တို့ရဲ့ အချစ်ရေးဟာတော့ ပရိသတ်တွေကြားမှာ စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုပါပဲ။ တူညီတဲ့ ဂီတနယ်ပယ်ထဲမှာ ကျင်လည်ရင်း ချစ်ကြိုက်သွားခဲ့တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ဟာ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြားအသိပေးခဲ့ပြီးပြီဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းကတော့ ကျားပေါက်ဟာ လူပျိုတစ်ယောက်မဟုတ်ပေမယ့် ကျားပေါက်ရဲ့အချစ်နဲ့မေတ္တာတစ်ခုတည်းကိုကြည့်ပြီး ကျားပေါက်နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။
ချစ်သူသက်တမ်းတစ်ခုရရှိလာခဲ့ပြီဖြစ်ပြီး တရားဝင်ချစ်သူတွေဖြစ်နေပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုလည်း အသိပေးခဲ့ပြီးပြီဖြစ်တဲ့ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းဟာ သူတို့ရဲ့ ဖြတ်သန်းမှုတွေကို ပရိသတ်တွေဆီချပြနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဆွိဝတ်ရည်သောင်းနဲ့ ကျားပေါက်တို့က ချစ်သူတွေသဘာဝအတိုင်းချိန်းတွေ့နေတယ်လို့ သူတို့ရဲ့ဖေ့စ်ဘုတ် Story တွေမှာ တင်ထားခဲ့တာကို တွေ့ရပါတယ်။
ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဆက်ဆံရေးကတော့ အစပိုင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကိုရရှိခဲ့ပြီး အခုဆိုရင် နှစ်ယောက်သားက လူသိရှင်ကြား လက်တွဲနေကြပြီပဲဖြစ်ပါတယ်။ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ အတွဲလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source:Sweet Wutt Yi Thaung’s fb