နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ချစ်သူဆီက တန်ဖိုးထားလက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ ခေးဆက်သွင်

ချစ်စရာကောင်းကောင်းသလို သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ ခေးဆက်သွင်ကတော့ သူမရဲ့ အပြင်လက်တွေ့ကပုံစံက ပေါ့ပါးပြီး လွတ်လပ်သူဖြစ်ပေမယ့် ဇာတ်လမ်းတွဲတွေမှာတော့ ကျရာကာရိုက်တာအတိုင်း စိတ်ရောကိုယ်ပါ ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ ကာရိုက်တာတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုကို အခိုင်အမာရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အမြဲတမ်းပျော်ရွှင်စေတဲ့ ခေးဆက်သွင်က ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် သူမရဲ့ ဝမ်းသာစရာစကားလေး သယ်ဆောင်လာပြန်ပါပြီ။

ခေးဆက်သွင်က သူမရဲ့ချစ်သူဆီက တန်ဖိုးထားမြတ်နိုးစွာနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရကြောင်း “🤎I said Yessss to my forever🤎 နှစ်ယောက်လုံးတိုင်ပင်ပြီး နှစ်ယောက်တစ်ဘဝဖြစ်ဖို့ ပြင်ဆင်နေပြီဆိုတေ့ာ proposeတော့ လုပ်ဖို့မလိုလောက်တော့ပါဘူး မလုပ်လောက်တော့ပါဘူးလေလို့ ထင်ထားတာ…သူငယ်ချင်းတွေနဲ့ရော မိဘဆွေမျိုးတွေရော အကုန်သိရပြီး ကိုယ်မသိလိုက်ရတဲ့ Supriseကြီး😮😮😮 အမြတ်တနိုး တန်ဖိုးထားပေးလို့ ကျေးဇူးတင်တာ ထက်ပိုပါတယ်….🥰ချစ်တယ်🥰” ဆိုပြီး ပြောပြလာပါတယ်။

ခေးဆက်သွင်တို့ ချစ်သူနှစ်ယောက်ကတော့ နှစ်ယောက်စလုံးတိုင်ပင်ပြီး လက်ထပ်ဖို့ပြင်ဆင်နေပြီဆိုပေမယ့် ချစ်သူဆီက မထင်မှတ်ပဲ လက်ထပ်ခွင့်တောင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်ရဲ့ မင်္ဂလာသတင်းလေးအတွက် ဝမ်းသာနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khay Sett Thwin’s fb

error: Alert: Content is protected !!