နှစ်နှစ်နီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့ပေမယ့် ကိုယ့်ကိုကိုယ်သေလူလို့ပဲတွေးထားတာကြောင့် ငမွဲဖြစ်လည်းခေါင်းထဲမရှိဘူးဆိုတဲ့ နိုဗန်ထူး

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ Winner တစ်ယောက်ဖြစ်တဲ့ နိုဗန်ထူးကတော့ အမိုက်စား Metal သီချင်းတွေသီဆိုရင်း ပရိသတ်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်။ အနုပညာလမ်းခရီးကိုလျှောက်လှမ်းစပြုနေဆဲအချိန်မှာပဲ နိုင်ငံရေးပြဿနာတွေဖြစ်ခဲ့တာကြောင့် နိုဗန်ထူးဟာ သူ့ရဲ့ အနုပညာအလုပ်တွေကိုလုံးဝရပ်နားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေကိုပဲ အားသွန်ခွန်စိုက်လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုဗန်ထူးဟာ ပိုက်ဆံမရှာနိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ထွေထွေထူးထူးခံစားမနေဘူးဆိုတဲ့အကြောင်းကို ရင်ဖွင့်လာပါတယ်။

နိုဗန်ထူးက “ဒီစာတွေ့တော့ နှစ်နှစ်နီးပါး အလုပ်လက်မဲ့ ခရိုနီ ဂိုဏ်းချုပ် ဖြစ်တဲ့ ကိုယ့်ကိုကိုယ် မြင်မိတယ်။ ဆုံးရူံးမှုကတော့ ပြောစရာတောင်မလိုပါဘူး။ နဂိုတည်းကလည်း ရုပ်ဝါဒီနောက် သိပ်လိုက်စားမှု မရှိတော့ အကုန်လုံး ဘာဖြစ်ဖြစ် ရဲဘော်တွေနဲ့ အလှူအဝတ်တွေ အတူတူ ဝတ်ကြရင်း ၊ အဆင်ပြေသလို စားရင်း ၊ အခုရက်ပိုင်း အဖြစ်အပျက်တွေ၊ ထောင်တွင်း မတရားကျခံရတဲ့ ရဲဘော်တွေအကြောင်းတွေ အမြဲလိုလို တွေးဖြစ်ရင်း၊ ရသလို ရှင်သန်ကြရင်း ဒါဏ်ရာဗရေပွနဲ့ သွေးအလိမ်းလိမ်း နိုင်ငံတော်အတွက် တော်လှန်ရေးကို ဆက်သယ်ဆောင်နေခြင်းကလွဲလို့ ဘာမှထူးထူးခြားခြားမရှိပါဘူး။ ငါတို့က သေပြီးသားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှင်သန်နေတာ အသားကျနေပြီဆိုတော့ ။ ငမွဲဖြစ်နေခြင်းကိုလည်း ခေါင်းထဲသိပ်မရှိပါဘူး ။ သို့သော် တစ်ခုခုဆို ပရိသတ်ကြီး အားပေးပါအုန်း ဘာညာ လုပ်ပြိး အမြဲပိုက်ဆံမျက်နှာတစ်ခုနဲ့ အလုပ်လုပ်သူတွေ စားဝတ်နေရေးအတွက် နားလည်ပေးပါဆိုပြီး ပုံမှန်ဖြစ်သယောင် ဖန်တီးနေသူတွေ မရှက်တတ်သူတွေကိုတော့ ဘောက်ချာ အပြည့်ရှိပါတယ်။ လူထုနဲ့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ အခါကြရင် ပြန်နားလည်ပေးစေချင်တယ်နော်” ဆိုပြီး ပြောလာပါတယ်။

နိုဗန်ထူးကတော့ အရင်ကတည်းက ငွေကြေးဥစ္စာကို မမက်မောပဲ လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်နေတတ်သူမို့ အခုလို တောခိုနေရတဲ့အချိန်မှာလည်း ကိုယ့်ကိုကိုယ်သေလူလို့ပဲတွေးထားတာကြောင့် ငမွဲဖြစ်လည်းခေါင်းထဲမရှိဘူးလို့ ဆိုလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Novem Htoo’s fb

error: Alert: Content is protected !!