နှစ်တွေများစွာ အသုံးပြုလာခဲ့တဲ့နာမည်ကိုပြောင်းလဲပြီး “မင်းသီဟကျော်” နာမည်ကို အသုံးပြုသွားမယ်ဆိုတဲ့ ဟိန်းထက်

MRTV 4 သရုပ်ဆောင် ဟိန်းထက်ကတော့”အရိပ်”၊ “ငွေစက္ကူ (၇) ရွက်” စတဲ့ ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟိန်းထက်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွက် PDF တပ်ဖွဲ့ဝင်အဖြစ် လွတ်မြောက်နယ်မြေမှာ ခိုလှုံနေခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း တော်လှန်ရေးအတွက် သွေးအေးသွားခြင်းမရှိသေးတဲ့ ဟိန်းထက်ဟာ သူယုံကြည်ရာလမ်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဟိန်းထက်ဟာ သူနှစ်တွေအများကြီး အသုံးပြုခဲ့တဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကို နာမည်လေးပြောင်းပြီး အသုံးပြုမယ်ဆိုပြီး ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ဟိန်းထက်က “ကျနော့် facebook page nameကို ဟိန်းထက် မှ မင်းသီဟကျော် သို့ပြောင်းလည်းအသုံးပြုပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။” ဆိုပြီး ပြောင်းလဲခဲ့သလို ပရိသတ်တွေအနေနဲ့လည်း သူ့ကို ကိုမင်း လို့ ရင်းရင်းနှီးနှီးခေါ်ဆိုနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဟိန်းထက်ကတော့ ပြီးခဲ့တဲ့လပိုင်းကပဲ မသမာသူလူတစ်စုကြောင့် သူ့ရဲ့အဖိုးဖြစ်သူကို ဆုံးရှုံးလိုက်ရတာဖြစ်ပေမယ့် တော်လှန်ရေးအတွက် သွေးအေးသွားခြင်းမရှိသူပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဟိန်းထက်က ဘယ်လိုအကြောင်းမျိုးကြောင့် နာမည်ပြောင်းလဲပစ်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Hein Htet ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ႏွစ္ေတြမ်ားစြာ အသုံးျပဳလာခဲ့တဲ့နာမည္ကိုေျပာင္းလဲၿပီး “မင္းသီဟေက်ာ္” နာမည္ကို အသုံးျပဳသြားမယ္ဆိုတဲ့ ဟိန္းထက္

MRTV 4 သ႐ုပ္ေဆာင္ ဟိန္းထက္ကေတာ့”အရိပ္”၊ “ေငြစကၠဴ (၇) ႐ြက္” စတဲ့ ဇာတ္လမ္းတြဲနဲ႔ နာမည္ေက်ာ္လာခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဟိန္းထက္ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက အႏုပညာအလုပ္ေတြကို ရပ္နားလိုက္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေတာ္လွန္ေရးအတြက္ PDF တပ္ဖြဲ႕ဝင္အျဖစ္ လြတ္ေျမာက္နယ္ေျမမွာ ခိုလႈံေနခဲ့တာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိလည္း ေတာ္လွန္ေရးအတြက္ ေသြးေအးသြားျခင္းမရွိေသးတဲ့ ဟိန္းထက္ဟာ သူယုံၾကည္ရာလမ္းကို ရဲရဲဝံ့ဝံ့ေလွ်ာက္လွမ္းေနဆဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ဟိန္းထက္ဟာ သူႏွစ္ေတြအမ်ားႀကီး အသုံးျပဳခဲ့တဲ့ ေဖ့စ္ဘုတ္ေပ့ခ်္ကို နာမည္ေလးေျပာင္းၿပီး အသုံးျပဳမယ္ဆိုၿပီး ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္။ ဟိန္းထက္က “က်ေနာ့္ facebook page nameကို ဟိန္းထက္ မွ မင္းသီဟေက်ာ္ သို႔ေျပာင္းလည္းအသုံးျပဳပါမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါတယ္ခင္ဗ်ာ။” ဆိုၿပီး ေျပာင္းလဲခဲ့သလို ပရိသတ္ေတြအေနနဲ႔လည္း သူ႔ကို ကိုမင္း လို႔ ရင္းရင္းႏွီးႏွီးေခၚဆိုႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။

ဟိန္းထက္ကေတာ့ ၿပီးခဲ့တဲ့လပိုင္းကပဲ မသမာသူလူတစ္စုေၾကာင့္ သူ႔ရဲ႕အဖိုးျဖစ္သူကို ဆုံးရႈံးလိုက္ရတာျဖစ္ေပမယ့္ ေတာ္လွန္ေရးအတြက္ ေသြးေအးသြားျခင္းမရွိသူပဲျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ဟိန္းထက္က ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ နာမည္ေျပာင္းလဲပစ္ခဲ့လဲဆိုတာ စိတ္ဝင္စားစရာပါပဲေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Hein Htet ‘s fb

error: Alert: Content is protected !!