နေ့ရောညပါ မနားမနေအလုပ်တွေကြိုးစားလုပ်ရင်း နေမကောင်းဖြစ်လို့ ဆေးရုံတက်နေရတဲ့ ယွန်းမြတ်သူ
အဆိုတော်မလေး ယွန်းမြတ်သူကတော့ အသည်းကွဲသီချင်းတွေကို အများဆုံးသီဆိုရင်း ပရိသတ်တွေရဲ့အားပေးမှုကို အခံရဆုံး အဆိုတော်တစ်ယောက်ပါပဲ။ သီချင်းကောင်းတွေနဲ့အောင်မြင်မှု တရှိန်ထိုးရရှိနေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့တဲ့ ယွန်းမြတ်သူဟာ အိမ်ထောင်သည်ဖြစ်သွားခဲ့ပေမယ့် သူမရဲ့ အနုပညာအလုပ်တွေကိုလည်း ရပ်တံ့သွားခြင်းမရှိပဲ လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ယွန်းမြတ်သူဟာ သူမရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို အမြဲတမ်းချပြနေပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
သီချင်းသစ်တွေထွက်ရှိနိုင်အောင် အလုပ်တွေကြိုးစားလုပ်ကိုင်နေသလို ခရီးတွေလည်းဆက်တိုက်ထွက်နေခဲ့တဲ့ ယွန်းမြတ်သူဟာ ဒီတစ်ခါမှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေဆီ ချပြလာပါတယ်။ ယွန်းမြတ်သူက နေထိုင်မကောင်းဖြစ်ရာမှ ဆေးရုံတက်ခဲ့ရတဲ့အခြေအနေထိရောက်ခဲ့ပြီး “ဖြစ်လိုက်ရင်အသည်းအသန်” ဆိုပြီး သူမရဲ့အဖြစ်ကို ပြောပြလာခဲ့ပါတယ်။
ယွန်းမြတ်သူက ဆေးရုံမှာဆေးကုသမှုခံယူပြီးနောက် အခုဆိုရင် သက်သာစပြုနေခဲ့ပြီလို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း ယွန်းမြတ်သူတစ်ယောက် နေကောင်းသက်သာစေဖို့ ဆုတောင်းပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Yoon Myat Thu ‘s fb