နိုင်ငံကျော် အကယ်ဒမီ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားအကြီးဖြစ်သူ ဘုန်းမင်းနေလကတော့ အကယ်ဒမီရွှေကြိုမောင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ သတိထားအားပေးခြင်းကို ခံခဲ့ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကလည်း သားကြီး ဘုန်းမင်းနေလအတွက် အနုပညာလောကမှာ လျှောက်လှမ်းနိုင်ဖို့ နံဘေးကနေ အစစအရာရာ ကူညီပံ့ပိုးပေးနေတာပဲဖြစ်ပါ တယ်။

မနေ့က မေလ (၈) ရက်နေ့ အမေများနေ့မှာတော့ ဘုန်းမင်းနေလကလည်း သူ့ရဲ့မေမေ အတွက် အမှတ်တရစကားလေးပြောလာခဲ့ပါတယ်။ ဘုန်းမင်းနေလက “Happy Mother’s Day Mummy ❤️✨ အများကြီးမပြောတော့ဘူး နောက်ဘာဝလူဖြစ်ရင်တောင်မေမေ့သားပဲဖြစ်ချင်ပါတယ် အရမ်းချစ်တယ်မေမေ 🤩💕” ဆိုပြီး မေမေ့ကိုချစ်တဲ့အကြောင်းတွေပြောလာခဲ့တာပဲဖြစ်ပါတယ်။

ဘုန်းမင်းနေလကတော့ မေမေခင်ဇာခြည်ကျော်ကိုချစ်လွန်းလို့ နောင်ဘဝဆိုရင်တောင် မေမေခင်ဇာခြည်ကျော်ရဲ့သားပဲဖြစ်ချင်တဲ့အကြောင်းကိုပြောလာတာပဲဖြစ်ပါတယ်။ ဘုန်းမင်းနေလရဲ့ ဆန္ဒတွေ အမှန်တကယ်ပဲပြည့်ဝလာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Phonemin Nay La’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

နောက်ဘဝလူထပ်ဖြစ်ရင်တောင် မေမေခင်ဇာခြည်ကျော်ရဲ့သားပဲဖြစ်ချင်တယ်ဆိုတဲ့ ဘုန်းမင်းနေလ





Yolo

error: Alert: Content is protected !!