နေထိုင်နေတဲ့ တည်နေရာကို ဖော်ပြမိသလိုဖြစ်သွားခဲ့တာကြောင့် ဝေဖန်နေကြသူတွေကို တစ်ခွန်းတည်းပြောလာတဲ့ ကိုပေါက်

သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက်ကတော့ အနုပညာနဲ့ပတ်သက်လာရင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို သူ့ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီးလည်း ဂုဏ်သိက္ခာရှိသူတစ်ယောက် ဖြစ်ပါတယ်။ ကိုပေါက်ဟာ သူ့ရဲ့အနုပညာအလုပ်တွေကို နှစ်အတော်ကြာရပ်နားထားပြီး နေအိမ်ကနေလည်း ထွက်ခွာလာကာ တောထဲမှာနေရင်း စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။   

မနေ့က နိုဝင်ဘာလ (၁၇) ရက်နေ့မှာတော့ ကိုပေါက်ဟာ သူနေထိုင်နေလျက်ရှိတဲ့ တည်နေရာကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြပေးခဲ့သလို ဖြစ်သွားတာကြောင့် ဝေဖန်မှုတွေရရှိခဲ့ပြီး အဆိုပါ ဝေဖန်မှုတွေကို ကိုပေါက်က စကားတစ်ခွန်းတည်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ကိုပေါက်က “တော်လှန်ရေးလုပ်ပြီး ေ-သ ရမှာကြောက်နေကြတယ်။ ကျနော့မှာလည်း အသက်ပါပါတယ်။” ဆိုပြီး တစ်ခွန်းတည်းသာပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါပြဿနာဟာ အချင်းချင်း ခဏတာနားလည်မှု ကွဲသွားခဲ့တာသာဖြစ်ပြီး ယနေ့မနက်မှာတော့ အကုန်လုံး အေးအေးဆေးဆေးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ကိုပေါက်နဲ့တကွ ရဲဘော်တွေအားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ko Pauk’s fb

error: Alert: Content is protected !!