နိုင်ငံရေးလှုပ်ရှားမှုတွေသိပ်မတွေ့တော့ပဲ ပုံမှန်လိုပြန်ဖြစ်နေပြီလို့ ဝေဖန်တဲ့ ပရိသတ်ရဲ့စကားကို ပြန်လည်ရှင်းပြလာတဲ့ အလှမယ် ဟန်လေး

Miss Grand Myanmar 2020 ဆုရှင်လေး ဟန်လေးကတော့ သူမ Miss Grand 2020 ပွဲကြီး ယှဉ်ပြိုင်နေဆဲအချိန်မှာပဲ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားခဲ့တာမို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ကြတဲ့ ပွဲကြီးမှာ မြန်မာ့နိုင်ငံရေးအကြောင်းကို အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောကြားခဲ့သူတစ်ယောက်ပါပဲ။ အဲ့လိုဖွင့်ဟခဲ့တာကြောင့် ဟန်လေးဟာ စကစရဲ့ ဝရမ်းထုတ်ခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံမှာပဲ တိမ်းရှောင်နေခဲ့ရကာ ဒီနေ့ဒီအချိန်ထိ သူမရဲ့မြန်မာပြည်ကအိမ်ကို ပြန်လာနိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။

အလှမယ် မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ဟန်လေးဟာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ မော်ဒယ်လ်အလုပ်လုပ်ကိုပြီး အလှဓာတ်ပုံတွေတင်ခဲ့တာကြောင့် ပရိသတ်တစ်ယောက်က သူမကို “အမလဲ ပုံမှန်လိုဘဲနော် နိုင်ငံရေး လှုပ်ရှားမှုသိပ်မတွေ့တော့ဘူး အပစ်ပြောတာမဟုတ်ပါ😥😥 ” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ထိုပရိသတ်ရဲ့ ဝေဖန်မှုကို ဟန်လေးက “နိုင်ငံရေးတွက်ဆို ဟန်လေးဘယ်နေရာကဖြစ်ဖြစ်အခုချိန်ထိ ရရာနေရာကတက်ကြွဆောင်ရွက်ဆဲပါ ..စားဝတ်နေရေးလည်းရှိသေးတော့ ထိုင်းမှာ တယောက်တည်းရုန်းကန်နေရတဲ့အပိုင်းလေးတွေကြောင့်အလုပ်လဲလက်ခံနေရလို့ပါအကိုရေ..အနောက်ယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်ရှင်🥺🙏🏻” ဆိုပြီး ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

 

ဟန်လေးပြောသလိုပဲ ဟန်လေးဟာ သူမရဲ့ရပ်တည်ချက်ကို တကမ္ဘာလုံးသိအောင် ဖွင့်ထုတ်ခဲ့ပြီးသူဖြစ်ပြီး အခုအချိန်ထိ ရပ်တည်ချက်ဟာမပြောင်းလဲသေးပဲ စားဝတ်နေရေးအတွက် အလုပ်တွေပြန်လည်လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟန်လေးကို ချစ်တဲ့မျက်စိနဲ့ကြည့်ပေးပြီး နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Lay ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ႏိုင္ငံေရးလႈပ္ရွားမႈေတြသိပ္မေတြ႕ေတာ့ပဲ ပုံမွန္လိုျပန္ျဖစ္ေနၿပီလို႔ ေဝဖန္တဲ့ ပရိသတ္ရဲ႕စကားကို ျပန္လည္ရွင္းျပလာတဲ့ အလွမယ္ ဟန္ေလး

Miss Grand Myanmar 2020 ဆုရွင္ေလး ဟန္ေလးကေတာ့ သူမ Miss Grand 2020 ပြဲႀကီး ယွဥ္ၿပိဳင္ေနဆဲအခ်ိန္မွာပဲ အာဏာသိမ္းမႈျဖစ္စဥ္ျဖစ္ပြားခဲ့တာမို႔ တစ္ကမာၻလုံးက ေစာင့္ၾကည့္ၾကတဲ့ ပြဲႀကီးမွာ ျမန္မာ့ႏိုင္ငံေရးအေၾကာင္းကို အမွန္တရားဘက္က ရဲရဲဝံ့ဝံ့ထုတ္ေဖာ္ေျပာၾကားခဲ့သူတစ္ေယာက္ပါပဲ။ အဲ့လိုဖြင့္ဟခဲ့တာေၾကာင့္ ဟန္ေလးဟာ စကစရဲ႕ ဝရမ္းထုတ္ျခင္းခံခဲ့ရၿပီး ထိုင္းႏိုင္ငံမွာပဲ တိမ္းေရွာင္ေနခဲ့ရကာ ဒီေန႔ဒီအခ်ိန္ထိ သူမရဲ႕ျမန္မာျပည္ကအိမ္ကို ျပန္လာႏိုင္ျခင္းမရွိေသးတာပဲျဖစ္ပါတယ္။

အလွမယ္ ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ ရပ္တည္ေနတဲ့ ဟန္ေလးဟာ သူမရဲ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္ျဖစ္တဲ့ ေမာ္ဒယ္လ္အလုပ္လုပ္ကိုၿပီး အလွဓာတ္ပုံေတြတင္ခဲ့တာေၾကာင့္ ပရိသတ္တစ္ေယာက္က သူမကို “အမလဲ ပုံမွန္လိုဘဲေနာ္ ႏိုင္ငံေရး လႈပ္ရွားမႈသိပ္မေတြ႕ေတာ့ဘူး အပစ္ေျပာတာမဟုတ္ပါ😥😥 ” ဆိုၿပီး ေဝဖန္ခဲ့ပါတယ္။ ထိုပရိသတ္ရဲ႕ ေဝဖန္မႈကို ဟန္ေလးက “ႏိုင္ငံေရးတြက္ဆို ဟန္ေလးဘယ္ေနရာကျဖစ္ျဖစ္အခုခ်ိန္ထိ ရရာေနရာကတက္ႂကြေဆာင္႐ြက္ဆဲပါ ..စားဝတ္ေနေရးလည္းရွိေသးေတာ့ ထိုင္းမွာ တေယာက္တည္း႐ုန္းကန္ေနရတဲ့အပိုင္းေလးေတြေၾကာင့္အလုပ္လဲလက္ခံေနရလို႔ပါအကိုေရ..အေနာက္ယွက္ျဖစ္ေစမိရင္ ေတာင္းပန္ပါတယ္ရွင္🥺🙏🏻” ဆိုျပီး ျပန္လည္ေတာင္းပန္လာခဲ့ပါတယ္။

ဟန္ေလးေျပာသလိုပဲ ဟန္ေလးဟာ သူမရဲ့ရပ္တည္ခ်က္ကို တကမၻာလံုးသိေအာင္ ဖြင့္ထုတ္ခဲ့ျပီးသူျဖစ္ျပီး အခုအခ်ိန္ထိ ရပ္တည္ခ်က္ဟာမေျပာင္းလဲေသးပဲ စားဝတ္ေနေရးအတြက္ အလုပ္ေတြျပန္လည္လုပ္ကိုင္ေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ဟန္ေလးကို ခ်စ္တဲ့မ်က္စိနဲ့ၾကည့္ေပးျပီး နားလည္ေပးၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Han Lay ‘s fb

error: Alert: Content is protected !!