နိုင်ငံမှာ အပူမီးတွေတောက်လောက်နေချိန် ကိုယ့်ကိုကိုယ်စိတ်ပျက်အားငယ်နေတဲ့အကြောင်း ရင်ဖွင့်လာတဲ့ ချစ်သုဝေ
အဆိုတော် ချစ်သုဝေကတော့ လူတကာလုပ်ဖို့မဝံ့မရဲဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေးကို ဒီနေ့ဒီအချိန်ထိ လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်နဲ့အတူ ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ နေထိုင်နေရပေမယ့် ချစ်သုဝေက တော်လှန်ရေးအတွက် သူမကိုယ်တိုင် ထိုးထားတဲ့ အိတ်လေးတွေကို မဲစနစ်နဲ့ရောင်းချပြီး လိုအပ်တဲ့နေရာတွေကိုလှူဒါန်းနိုင်ဖို့ ရံပုံငွေရှာဖွေနေဆဲဖြစ်ပါတယ်။ ချစ်သုဝေရဲ့ Macrame အိတ်လေးတွေကလည်း ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိပြီး တစ်ခါလက်မှတ်တွေရောင်းရတိုင်း တစ်ခါသိန်းရာချီရောင်းချပေးနေရတာပဲဖြစ်ပါတယ်။
နိုင်ငံအတွက် လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရံပုံငွေတွေများစွာ ရှာဖွေပေးနေတဲ့ ချစ်သုဝေဟာ နိုင်ငံရဲ့အချို့နေရာတွေမှာ အပူတွေတောက်လောင်နေချိန် သူမကိုသူမအားမရကြောင်း “ထိစပ်နီးစပ်သမျှဟာ ပူနေလေတော့ ရင်ထဲဘယ်အေးမြတယ်ရှိပါ့မလဲ.. ငါလည်း ဘာလုပ်နေနိုင်လဲ? ကြိုးပဲကျစ် click ပဲ click နေနိုင်တယ်မလား” ဆိုပြီး ခံစားချက်တွေ ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်။
ချစ်သုဝေကတော့ တော်လှန်ရေးအတွက် ရံပုံငွေတွေရှာဖွေပေးနေသူဆိုပေမယ့် ကိုယ်တိုင်ကိုယ်ရောက် မကူနိုင်တဲ့အခါ ကိုယ့်ကိုကိုယ်စိတ်အားငယ်ပြီး အားမလို အားမရဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်၊ ပြည်သူတွေကတော့ ချစ်သုဝေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျေးဇူးတင်စွာလက်ခံပေးပြီးသားပါပဲနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chit Thu Wai ‘s fb