“နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို ဆေးရုံအရေးပေါ်ခန်းထဲရောက်ပြီး သုံးရက်အကြာမှာရိုက်ကူးခဲ့တယ်ဆိုတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော်သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ လူလေးလှသလို စိတ်ထားအရာမှာလည်း ဖြောင့်မတ်တည်ကြည်သူလေးတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အောင်မြင်မှုမှတ်တိုင်တွေများစွာ စိုက်ထူနိုင်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဒီတစ်ခါမှာလည်း ထူးထူးခြားခြားအနေနဲ့ တော်လှန်ရေးရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ခင်ပွန်း ဒါရိုက်တာ ဏကြီး ရိုက်ကူးတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး ထိုဇာတ်လမ်းတိုရိုက်ကူးမှုနဲ့ အမှတ်တရတွေကို အခုလိုမျိုးပဲပြောလာပါတယ်။

” “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုရိုက်ကွင်းနောက်ကွယ်ပုံရိပ်များ….. ဒီဇာတ်ကားလေးရိုက်ဖို့အခက်အခဲတွေအများကြီးကို ချစ်ခင်ရတဲ့မိတ်ဆွေများအကူအညီနဲ့ဖြတ်ကျော်ပြီး ကြိုးစားရိုက်ကူးခဲ့ပါတယ်…. Emergency roomထဲရောက်သွားပြီး၃ရက်အကြာမှာရိုက်ထားတာဆိုတော့ထိုးဆေးစားဆေးတွေအရှိန်နဲ့ဖောရောင်ဖောင်းကားနေတာလေးတော့သည်းခံကြည့်ပေးကြပါ။ 📸 – Daniel Aung *VPN ချိတ်ပါ *Youtubeဖွင့်ပါ *”နိုင်ငံပျောက်သူ”လို့ရိုက် ရှာပြီးကြည့်ပါ *ကြော်ငြာတက်လာရင်”Skip ad”နှိပ်ကျော်ပြီးဆက်ကြည့်‌ပေးပါ❤️” ဆိုပြီး “နိုင်ငံပျောက်သူ” ရိုက်ကူးစဉ်က အမှတ်တရတွေကို အခုလိုမျိုးပဲ ပြောလာပါတယ်။

ဒါရိုက်တာဏကြီးနဲ့တကွ ပိုင်ဖြိုးသု၊ ဒေါင်း တို့ကတော့ သူမတို့ရောက်ရှိနေတဲ့ နေရာလေးမှာ ကြိုးစားပြီး ပြည်သူတွေအတွက် ဇာတ်လမ်းတိုလေးတစ်ခု ရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုလေးကိုကြည့်ရှုအားပေးပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Phyoe Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!