“နိုင်ငံပျောက်သူ” ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်တစ်ယောက်နဲ့ ပရိသတ်တွေကိုမိတ်ဆက်ပေးလာတဲ့ ပိုင်ဖြိုးသု
တစ်နိုင်ငံလုံးက ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ နုနုနယ်နယ်နေရမယ့် မင်းသမီးတစ်လက်ဖြစ်ပေမယ့် ပြည်သူ့ရဲဘော်တွေနဲ့အတူတူ လွတ်မြောက်နယ်မြေမှာနေထိုင်ရင်း မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနေသူတစ်ယောက်ပါပဲ။ တော်လှန်ရေးအတွက် ကိုယ်တတ်ကျွမ်းတဲ့ လက်မှုပညာနဲ့ ရံပုံငွေရှာဖွေပေးနေတဲ့ ပိုင်ဖြိုးသုဟာ သူမရဲ့ခင်ပွန်းဒါရိုက်တာဏကြီး ရိုက်ကူးတဲ့ တော်လှန်ရေးဇာတ်လမ်းတိုလေးမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အားဖြည့်ပေးခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုမှာ ဒေါင်းနဲ့သူမအပြင် အခြားပါဝင်တဲ့ အရေးကြီးသရုပ်ဆောင်တစ်ယောက်ကို ပြသလာပါတယ်။ ပိုင်ဖြိုးသုက “”နိုင်ငံပျောက်သူ” ဇာတ်လမ်းမှာ ဦးဦးဒေါင်း တီတီသုသုတို့နဲ့အတူ သားသား”လာတေး”လည်းပါဝင်သရုပ်ဆောင်ထားပါတယ်ခင်ဗျ 😇” ဆိုပြီး ဇာတ်လမ်းထဲမှာ ဒေါင်းပေးတဲ့ခွေးလေးကို ပြသလာခဲ့ပါတယ်။
ပိုင်ဖြိုးသုကတော့ အရင်ကတည်းကခွေးလေးတွေကို ချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အခုအိမ်နဲ့အဝေးတစ်နေရာကိုရောက်ရှိနေချိန်မှာလည်း အနားမှာရှိတဲ့ တိရစ္ဆာန်လေးတွေကိုအဖော်ပြုနေရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မင်းသားချော လာတေးလေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Phyoe Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းထဲက အဓိကဇာတ္ေဆာင္တစ္ေယာက္နဲ႔ ပရိသတ္ေတြကိုမိတ္ဆက္ေပးလာတဲ့ ပိုင္ၿဖိဳးသု
တစ္ႏိုင္ငံလုံးက ပရိသတ္ေတြခ်စ္ရတဲ့ မင္းသမီးေခ်ာေလး ပိုင္ၿဖိဳးသုကေတာ့ ႏုႏုနယ္နယ္ေနရမယ့္ မင္းသမီးတစ္လက္ျဖစ္ေပမယ့္ ျပည္သူ႔ရဲေဘာ္ေတြနဲ႔အတူတူ လြတ္ေျမာက္နယ္ေျမမွာေနထိုင္ရင္း ျမန္မာ့ႏိုင္ငံေရးကို ထဲထဲဝင္ဝင္ေဆာင္႐ြက္ေပးေနသူတစ္ေယာက္ပါပဲ။ ေတာ္လွန္ေရးအတြက္ ကိုယ္တတ္ကြၽမ္းတဲ့ လက္မႈပညာနဲ႔ ရံပုံေငြရွာေဖြေပးေနတဲ့ ပိုင္ၿဖိဳးသုဟာ သူမရဲ႕ခင္ပြန္းဒါ႐ိုက္တာဏႀကီး ႐ိုက္ကူးတဲ့ ေတာ္လွန္ေရးဇာတ္လမ္းတိုေလးမွာလည္း ပါဝင္သ႐ုပ္ေဆာင္ရင္း အားျဖည့္ေပးခဲ့ပါေသးတယ္။
ဒီကေန႔မွာေတာ့ ပိုင္ၿဖိဳးသုက “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုမွာ ေဒါင္းနဲ႔သူမအျပင္ အျခားပါဝင္တဲ့ အေရးႀကီးသ႐ုပ္ေဆာင္တစ္ေယာက္ကို ျပသလာပါတယ္။ ပိုင္ၿဖိဳးသုက “”ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းမွာ ဦးဦးေဒါင္း တီတီသုသုတို႔နဲ႔အတူ သားသား”လာေတး”လည္းပါဝင္သ႐ုပ္ေဆာင္ထားပါတယ္ခင္ဗ် 😇” ဆိုျပီး ဇာတ္လမ္းထဲမွာ ေဒါင္းေပးတဲ့ေခြးေလးကို ျပသလာခဲ့ပါတယ္။
ပိုင္ျဖိဳးသုကေတာ့ အရင္ကတည္းကေခြးေလးေတြကုိ ခ်စ္တတ္သူတစ္ေယာက္ျဖစ္ျပီး အခုအိမ္နဲ့အေဝးတစ္ေနရာကိုေရာက္ရိွေနခ်ိန္မွာလည္း အနားမွာရွိတဲ့ တိရစၦာန္ေလးေတြကိုအေဖာ္ျပဳေနရတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မင္းသားေခ်ာ လာေတးေလးကိုၾကည့္ျပီး အသည္းယားေနၾကမယ္ထင္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Paing Phyoe Thu’s fb