“နိုင်ငံပျောက်သူ” ဇာတ်လမ်းရဲ့ နောက်ခံဂီတကို မျက်ရည်တွေနဲ့ပဲ တီးခတ်ခဲ့ရတယ်ဆိုတဲ့ ဟန်ထူးလွင်
အဆိုတော် ဟန်ထူးလွင်ကတော့ လက်ရှိနွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူတက်ကြွမ်းတဲ့ အနုပညာအလုပ်နဲ့ ရန်ပုံငွေတွေများစွာရှာဖွေပေးနေတဲ့ ဟန်ထူးလွင်က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနက ဦးရည်မွန်ဆီကနေ ကျေးဇူးတင်ဂုဏ်ပြုလွှာကိုလည်း ချီးမြှင့်ခံထားရတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။
တော်လှန်ရေးနဲ့ ပတ်သက်ပြီး တတ်နိုင်တဲ့အင်အားနဲ့ အဘက်ဘက်ကနေ ပါဝင်ဖြည့်ဆည်းပေးနေတဲ့ ဟန်ထူးလွင်ဟာ ဒီကနေ့မေလ (၃၀) ရက်နေ့မှာ ထုတ်လွှင့်ပြသတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုမှာလည်း နောက်ခံဂီတတီးပြီး ပါဝင်အားဖြည့်ပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းတိုလေးဆိုပေမယ့် ပရိသတ်တွေရင်ထဲထိရောက်တဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းဟာ ကြည့်ရှုသူပရိသတ်တွေကိုသာမကပဲ ဟန်ထူးလွင်ကိုလည်း မျက်ရည်ကျစေခဲ့တဲ့အကြောင်းကို “I played background music in tears too. 😅” ဆိုပြီး ဟန်ထူးလွင်ကပြောပြထားပါတယ်။
“နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားကာ ဟန်ထူးလွင်က နောက်ခံဂီတတီးခတ်ပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိနစ်ပိုင်းလေးနဲ့ မျက်ရည်ဝဲစေတဲ့ “နိုင်ငံပျောက်သူ” ဇာတ်လမ်းတိုကို မကြည့်ရသေးရင် ဆက်ဆက်ကြည့်ရှုဖို့မမေ့ပါနဲ့နော်။
Source: Han Htue Lwin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းရဲ႕ ေနာက္ခံဂီတကို မ်က္ရည္ေတြနဲ႔ပဲ တီးခတ္ခဲ့ရတယ္ဆိုတဲ့ ဟန္ထူးလြင္
အဆိုေတာ္ ဟန္ထူးလြင္ကေတာ့ လက္ရွိေႏြဦးေတာ္လွန္ေရးမွာ အတက္ႂကြဆုံး ပါဝင္လႈပ္ရွားေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူတက္ႂကြမ္းတဲ့ အႏုပညာအလုပ္နဲ႔ ရန္ပုံေငြေတြမ်ားစြာရွာေဖြေပးေနတဲ့ ဟန္ထူးလြင္က NUG အစိုးရ ျပည္ေထာင္စုဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးဌာနက ဦးရည္မြန္ဆီကေန ေက်းဇူးတင္ဂုဏ္ျပဳလႊာကိုလည္း ခ်ီးျမႇင့္ခံထားရတဲ့ အႏုပညာရွင္လည္းျဖစ္ပါတယ္။
ေတာ္လွန္ေရးနဲ႔ ပတ္သက္ၿပီး တတ္ႏိုင္တဲ့အင္အားနဲ႔ အဘက္ဘက္ကေန ပါဝင္ျဖည့္ဆည္းေပးေနတဲ့ ဟန္ထူးလြင္ဟာ ဒီကေန႔ေမလ (၃၀) ရက္ေန႔မွာ ထုတ္လႊင့္ျပသတဲ့ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုမွာလည္း ေနာက္ခံဂီတတီးၿပီး ပါဝင္အားျဖည့္ေပးထားတာျဖစ္ပါတယ္။ ဇာတ္လမ္းတိုေလးဆိုေပမယ့္ ပရိသတ္ေတြရင္ထဲထိေရာက္တဲ့ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းဟာ ၾကည့္ရႈသူပရိသတ္ေတြကိုသာမကပဲ ဟန္ထူးလြင္ကိုလည္း မ်က္ရည္က်ေစခဲ့တဲ့အေၾကာင္းကို “I played background music in tears too. 😅” ဆိုၿပီး ဟန္ထူးလြင္ကေျပာျပထားပါတယ္။
“ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုကို ဒါရိုက္တာဏၾကီးက ပံုေဖာ္ရိုက္ကူးထားတာျဖစ္ျပီး သရုပ္ေဆာင္ ေဒါင္းနဲ့ ပိုင္ျဖိဳးသုတုိ့က ပါဝင္သရုပ္ေဆာင္ထားကာ ဟန္ထူးလြင္က ေနာက္ခံဂီတတီးခတ္ေပးထားတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မိနစ္ပိုင္းေလးနဲ့ မ်က္ရည္ဝဲေစတဲ့ “ႏိုင္ငံေပ်ာက္သူ” ဇာတ္လမ္းတိုကို မၾကည့္ရေသးရင္ ဆက္ဆက္ၾကည့္ရႈဖို့မေမ့ပါနဲ့ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Han Htue Lwin’s fb