“နိုင်ငံပျောက်သူ” ဇာတ်ကားနဲ့ ပတ်သက်ပြီး အပြောင်အပျက်တွေမလုပ်ဖို့ တောင်းဆိုလာတဲ့ Russell

သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Russell ကတော့ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေးအစကတည်းက ဒီနေ့ဒီအချိန်ထိ ရပ်တည်ချက်၊ ခံယူချက် မပြောင်းလဲသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘဝကို လွတ်လပ်စွာဖြတ်သန်းနေထိုင်တတ်တဲ့ Russell ဟာ သူကိုယ်တိုင်လည်း ပျော်ပျော်နေတတ်ပေမယ့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့အရာတွေကိုတော့ အလေးအနက်ထားသူတစ်ယောက်လို့ဆိုလည်း မမှားပါဘူး။

Russell က ဒီကနေ့ထွက်ရှိလာတဲ့ ဒါရိုကတာဏကြီးရဲ့ “နိုင်ငံပျောက်သူ ” ဇာတ်လမ်းတွဲလေးနဲ့ပတ်သက်ပြီး အလေးအနက်ထားပေးဖို့ကိုလည်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာခဲ့တာကို တွေ့ရပါတယ်။ Russell က “နိုင်ငံပျောက်ခြင်း is just not a fb Trend …. But a Reality. Pls never forget 🙏” ဆိုပြီး တော်လှန်ရေးဇာတ်ကားဟာ ဖေ့စ်ဘုတ် Trend ဖြစ်ရမယ့်ကိစ္စတစ်ခုမဟုတ်ဘူးလို့ ပြောလာတာပဲဖြစ်ပါတယ်။

Russell ကတော့ သူကိုယ်တိုင်လည်း တော်လှန်ရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထားသလို ပရိသတ်တွေကိုလည်း လေးလေးနက်နက်ရှိစေဖို့ကို သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Russell ရဲ့ စေတနာစကားကို နားလည်ပေးကြမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Russell ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Russell ‘s fb

error: Alert: Content is protected !!