နားလည်မှုအပြည့်ပေးပြီး သူမအပေါ်အရာရာလိုက်လျောပေးတဲ့ ချစ်သူနိုင်ငံခြားသားလေးအကြောင်း ပြောပြလာတဲ့ ပန်ကိတ်ဒါဒါ
ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အများအပြားရရှိခဲ့တာပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါဟာ ရည်းစားဟောင်းအဆိုတော်နဲ့ ပြတ်ဆဲသွားခဲ့တာကြာခဲ့ပြီဖြစ်သလို သူမရဲ့အချစ်သစ်နဲ့လည်း သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အချစ်သစ်နဲ့တွေ့ရှိပြီး သာယာတဲ့အချိန်ကောင်းလေးကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ ဒီကနေ့မှာတော့ သူမရဲ့ချစ်စရာကောင်းတဲ့ ရည်းစားလေးအကြောင်းကို ပရိသတ်တွေဆီပြောပြလာခဲ့ပါတယ်။
“သူအလုပ်လုပ်နေတုန်း Lee Min Ho ကိုသွားကြည့်တဲ့။ 😂 ရည်းစား ၂ ယောက်က ငြိမ်းချမ်းရေးရသွားပြီဖြစ်လို့ လီမင်ဟိုကို ဘယ်သူမှ မပေးပါနော။ အဲ့ဒါလာပြောတာ။ ဒါနဲ့ ၂ ယောက်က မရိုနိုင်ဘူး ဒီရက်ထဲ ၂ ယောက်လုံးက မအား။ သူက စနေနေ့ည ၆:၀၀ နာရီ ထိ meeting မှာ ကိုယ်က အလုပ် ၄:၃၀ မှ ပြီး အိမ်ရောက် ခုလက်မှတ်ထိုင်ရောင်း။ ဒီလ ၁၆ ရက်ထိ သူ့ကို နားလည်ခိုင်းထားရတယ်။ ဒါကြောင့် ဒီလအတွက် လက်မှတ်လာဝယ်ကြပါ။ ကျမ လင်ယူရဦးမယ်။ ☹️😫” ဆိုပြီး နားလည်ပေးတဲ့ သူမရဲ့ချစ်သူအကြောင်းကို ပြောလာပါတယ်။
ပန်ကိတ်ဒါဒါကတော့ နားလည်မှုအပြည့်ပေးပြီး သူမအပေါ်အရာရာလိုက်လျောပေးတဲ့ ချစ်သူနိုင်ငံခြားသားချောချောလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းတဲ့ ပန်ကိတ်ဒါဒါကိုအားကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ya Min Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Ya Min Oo’s fb
error: Alert: Content is protected !!