နာမည်ကြီးသရုပ်ဆောင်တွေများစွာဝန်းရံပြီး တက်ရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ မြတ်သူသူရဲ့ မင်္ဂလာဧည့်ခံပွဲ

သရုပ်ဆောင်ကောင်းလို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုခံရတဲ့ မင်းသမီးချော မြတ်သူသူဟာဆိုရင် ဒီကနေ့ မတ်လ (၁၁) ရက်နေ့မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ မြတ်သူသူဟာ သူမကို တန်ဖိုးထားချစ်မြတ်နိုးသူရဲ့ သိန်း (၁၀၀၀) နဲ့ တင်တောင်းခြင်းခံခဲ့ရပြီး မင်္ဂလာဧည့်ခံပွဲကိုလည်း ရန်ကုန်မြို့က အကြီးဆုံးဟိုတယ်တစ်ခုမှာ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူရဲ့ မင်္ဂလာပွဲကို နေမျိုးအောင်၊ ဝင့်ယမုံနိုင်၊ မေပန်းချီ၊ စိုပြေမြင့်၊ ကောင်းမြတ်စံ၊ ဟိန်းရတု၊ သွန်းသစ္စာဇော်၊ ဝေလာရီ၊ ဖြိုးသံသာချို အစရှိတဲ့ သရုပ်ဆောင်တွေကတက်ရောက်ခဲ့ပြီး ပိုးကြာဖြူခင်၊ ဆုထက်လှိုင်၊ ခန့်သီရိဇော်၊ ဆောင်းယွန်းစံ၊ အောင်မင်းခန့်အစရှိတဲ့သရုပ်ဆောင်တွေက သတို့သား သတို့သမီးအရံတွေအဖြစ် ဆောင်ရွက်ပေးခဲ့ကြတာကိုတွေ့ရပါတယ်။

မြတ်သူသူကလည်း သူမရဲ့မင်္ဂလာပွဲလေးအတွက် “မြတ်သူတို့ရဲ့ မင်္ဂလာပွဲလေးကို တကူးတကအချိန်ပေးကြွရောက်ချီးမြှင့်ပေးကြသူ ဆုတောင်းပေးကြသူများအားလုံး ကူညီပေးကြသူများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင် ။ ပွဲလေးမှာ လစ်ဟာချက်များ လိုအပ်ချက်များရှိသွားခဲ့ရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်ရှင် 🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Thu Thu ‘ fb

error: Alert: Content is protected !!