နာမည်ကြီးလူရွှင်တော်တွေ စကစရဲ့လက်ပါးစေကျွန်လုပ်နေချိန်မှာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့တဲ့ အညတရလူရွှင်တော်လေး အီကြာကွေး

လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အချို့သောသူတွေက ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေသလို အချို့ကတော့ အသွားအလာမပျက် ရှိနေကြဆဲဖြစ်ပါတယ်။ ဒါ့အတူပဲ အနုပညာရှင်တွေထဲမှာလည်း အချို့သောအနုပညာရှင်တွေက ဓမ္မဘက်ကနေရပ်တည်ရင်း သူတို့ရဲ့အလုပ်အိုးအိမ်စည်းစိမ်တို့ကို စွန့်လွှတ်ခဲ့သလို အချို့သောအနုပညာရှင်တွေကတော့ အနေအစားချောင်လည်ဖို့အတွက် စကစဘက်ကနေ သိသိသာသာတိမ်းညွှန့်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း တရားသောဓမ္မဘက်မှာရပ်တည်ရင်း တိုင်းပြည်အတွက်အသက်ပေးလှူသွားခဲ့တဲ့ လူရွှင်တော်တစ်ယောက်ပေါ်ပေါက်လာခဲ့ပြန်ပါပြီ။

မနေ့က ဇွန်လ (၂၈) ရက်နေ့ မြဝတီခရိုင် ဝေါလေမြိုင်ဒေသ ဥကရစ်ထတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေယာဉ်ပစ်ခတ်မှုကြောင့် KNDO အထူးကွန်မန်ဒို တပ်ရင်းမှ လူရွှင်တော်အီကြာကွေး ကျဆုံးခဲ့တာပဲဖြစ်ပါတယ်။ လူရွှင်တော်အီကြာကွေး တိုက်ပွဲကျဆံးသွားတဲ့သတင်းအတွက် ဟားငါးကောင်အဖွဲ့ဝင်တွေက စိတ်မကောင်းဖြစ်နေကြပြီး လူရွှင်တော်တိုးကျော်က “တစ်ချို့လူရွှင်တော်ကြီး ကမကလတွေ၊ တစ်ချို့လူရွှင်တော်လတ် မအလ တွေ၊ တစ်ချို့လူရွှင်တော်ငယ် ကမကလ တွေ ထမင်းတလုပ်စားရဖို့ ပြည်သူကိုစော်ကားနေတဲ့အချိန် အညတရ လူရွှင်တော်လေးတယောက် တိုင်းပြည်အတွက်အသက်ပေးလိုက်ရရှာပြီ။ ပြည်သူကကျွန်တော်တို့ရဲ့ထမင်းရှင်ပါလိုပြောတဲ့ လူရွှင်တော် လုပ်စားတဲ့စောက်ပေါတွေကိုဒဲ့ပြောသည်..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လူရွှင်တော်အီကြာကွေးကတော့ အရင်ကတည်းက ပရဟတိအသင်းတွေမှာ လုပ်အားပေးကူညီပေးခဲ့သူဖြစ်ပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ လူရွှင်တော်အီကြာကွေးတစ်ယောက် ကောင်းသောဘုံမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ညှိုးငယ်စွာ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Toe Kyaw’s fb

error: Alert: Content is protected !!