နမိတ်မရှိနမာမရှိ ငိုနေတဲ့ ဗီဒီယိုတွေ မဆော့ကြ၊ မတင်ကြပါနဲ့လို့ စေတနာစကားဆိုလာခဲ့တဲ့ ပွင့်

ဝဝကစ်ကစ်ခန္ဓာကိုယ်လေးကြောင့် လူသိများကျော်ကြားတဲ့ သရုပ်ဆောင်ပွင့်ကိုတော့ လူကြီးလူငယ်ပရိသတ်တိုင်း သိပြီးသားဖြစ်မှာပါ။ ပွင့်က အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် အနုပညာအလုပ်တွေနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို တွဲဖက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ဘယ်အချိန်ကြည့်ကြည့် ပုံစံမပြောင်းပဲ နုပျိုနေဆဲဖြစ်တဲ့ ပွင့်ကို ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲဖြစ်ပါတယ်။

အသက်အရွယ်အရ နမိတ်ဆိုတာကို အယုံအကြည်ရှိတဲ့ ပွင့်က ဒီကနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ သတိပေးစကားဆိုလာခဲ့တာကို တွေ့ရပါတယ်။ ပွင့်က “ကျေးဇူးပြုပြီး နိမိတ်မရှိ နမာမရှိတဲ့ ငိုနေတဲ့ဗီဒီယိုတွေမဆော့ကြ/မတင်ကြပါနဲ့လားရှင်🙏🙏🙏ပွင့်ကိုရှေးရိုးစွဲတယ်လို့ပဲပြောပြော အတိတ်နိမိတ်ဆိုတာကိုယုံတယ်။လူတိုင်းကို အတိတ်နိမိတ်ကောင်းတာပဲပြောစေ/လုပ်စေချင်တယ်။ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းနိမိတ်ထွန်းတဲ့ ကျွန်းမို့ပါနော်။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ပွင့်ကတော့ လက်ရှိလှုမှုကွန်ယက်စာမျက်နှာမှာ ခေတ်စားနေတဲ့ ငိုနေတဲ့ပုံ Effect တွေကို အသုံးမပြုကြဖို့ စေတနာစကားဆိုလာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်က သူချစ်တဲ့ပရိသတ်တွေကို အတိတ်နမိတ်ကောင်းတာတွေပဲ လုပ်စေချင်တဲ့အကြောင်းကိုလည်း ပြောခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Pwint ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

နမိတ္မရွိနမာမရွိ ငိုေနတဲ့ ဗီဒီယိုေတြ မေဆာ့ၾက၊ မတင္ၾကပါနဲ႔လို႔ ေစတနာစကားဆိုလာခဲ့တဲ့ ပြင့္

ဝဝကစ္ကစ္ခႏၶာကိုယ္ေလးေၾကာင့္ လူသိမ်ားေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ပြင့္ကိုေတာ့ လူႀကီးလူငယ္ပရိသတ္တိုင္း သိၿပီးသားျဖစ္မွာပါ။ ပြင့္က အခုဆိုရင္ အသက္အ႐ြယ္တစ္ခုေရာက္ရွိေနၿပီဆိုေပမယ့္ အိမ္ေထာင္မျပဳေသးပဲ တစ္ကိုယ္တည္းအပ်ိဳႀကီးအျဖစ္ အႏုပညာအလုပ္ေတြနဲ႔အတူတူ စီးပြားေရးလုပ္ငန္းေတြကို တြဲဖက္လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းၿပီး ဘယ္အခ်ိန္ၾကည့္ၾကည့္ ပုံစံမေျပာင္းပဲ ႏုပ်ိဳေနဆဲျဖစ္တဲ့ ပြင့္ကို ဒီေန႔ဒီအခ်ိန္ထိ အားေပးေနၾကဆဲျဖစ္ပါတယ္။

အသက္အ႐ြယ္အရ နမိတ္ဆိုတာကို အယုံအၾကည္ရွိတဲ့ ပြင့္က ဒီကေန႔မွာေတာ့ သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန သတိေပးစကားဆိုလာခဲ့တာကို ေတြ႕ရပါတယ္။ ပြင့္က “ေက်းဇူးျပဳၿပီး နိမိတ္မရွိ နမာမရွိတဲ့ ငိုေနတဲ့ဗီဒီယိုေတြမေဆာ့ၾက/မတင္ၾကပါနဲ႔လားရွင္🙏🙏🙏ပြင့္ကိုေရွး႐ိုးစြဲတယ္လို႔ပဲေျပာေျပာ အတိတ္နိမိတ္ဆိုတာကိုယုံတယ္။လူတိုင္းကို အတိတ္နိမိတ္ေကာင္းတာပဲေျပာေစ/လုပ္ေစခ်င္တယ္။ဇမၺဴဒီပါလက္ယာေတာင္ကြၽန္းနိမိတ္ထြန္းတဲ့ ကြၽန္းမို႔ပါေနာ္။” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

ပြင့္ကေတာ့ လက္ရွိလႈမႈကြန္ယက္စာမ်က္ႏွာမွာ ေခတ္စားေနတဲ့ ငိုေနတဲ့ပုံ Effect ေတြကို အသုံးမျပဳၾကဖို႔ ေစတနာစကားဆိုလာခဲ့တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ပြင့္က သူခ်စ္တဲ့ပရိသတ္ေတြကို အတိတ္နမိတ္ေကာင္းတာေတြပဲ လုပ္ေစခ်င္တဲ့အေၾကာင္းကိုလည္း ေျပာခဲ့တာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Pwint ‘s fb

error: Alert: Content is protected !!