




Source: Lapyae Gabyar’s fb

နဖူးလေးနမ်းပြီး မောင်နှမနှစ်ယောက် ပွေ့ဖက်နှုတ်ဆက်ခဲ့တာ နောက်ဆုံးတွေ့ဆုံခြင်းဖြစ်မှန်းမသိခဲ့ဘူးဆိုတဲ့ လပြည့်ကဗျာ

တစ်နိုင်ငံလုံးက ပရိသတ်တွေ ချစ်ခင်ရတဲ့ အဆိုတော် ရေမွန်ကတော့ ယခုဇွန်လ (၂၃) ရက်နေ့ဆိုရင် ကွယ်လွန်သွားတာ တစ်နှစ်တိတိပြည့်တော့မှာပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေက ယနေ့ထိတိုင် ဝမ်းနည်းစိတ်မကောင်းဖြစ်နေရပြီး တမ်းတနေရဆဲဖြစ်ပါတယ်။ ရေမွန်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ညီမလေး လပြည့်ကဗျာကလည်း ယခု ဇွန်လဟာ သူမအတွက် အပူလောင်ရဆုံးလဖြစ်တယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။

“” ပြူးစိန် ငါစိတ်ချမယ်နော် မေကြီးနဲ့ ငပိုးကို ဂရုစိုက် “လို့ ခွဲခါနီး သေချာမှာတယ်။ နှဖူးလေးကိုနှုတ်ဆက်အနမ်းပေးပြီး သူ့ကို ဖက်ခဲ့ရတာ နောက်ဆုံးအကြိမ်ဖြစ်မယ်မှန်းမသိခဲ့ဘူး။ ဒီလကတော့ အပူလောင်ဆုံး လပါပဲ” ဆိုပြီး အစ်ကိုဖြစ်သူ ရေမွန်ကို သတိရတမ်းတတဲ့ အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာခဲ့ပါတယ်။

ရေမွန်ကတော့ သူ့ရဲ့ခံယူချက်၊ ယုံကြည်ချက်အတိုင်း လွတ်မြောက်နယ်မြေကို ပြီးခဲ့တဲ့ ဇွန်လ (၁၃) ရက်နေ့ ဒီလိုရက်မျိုးမှာပဲ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီကနေ့ ဇွန်လ (၁၃) ရက်နေ့ဟာ ရေမွန်နဲ့ သူ့ရဲ့မိသားစုဝင်တွေ သက်ရှိထင်ရှားနောက်ဆုံးတွေ့ခဲ့ရတာ တစ်နှစ်တိတိပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Lapyae Gabyar’s fb

error: Alert: Content is protected !!