နတ်ကန္နားပွဲအစစ်မှာ ကိုကြီးကျော်လိပ်ပြာပူးပြီး ပျော်ပျော်ရွှင်ရွှင်ကခုန်ခဲ့တဲ့ ကျော်ကျော်ရဲ့ဗီဒီယို

ပြည်သူချစ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ ဟာသ၊ ဒရမ်မာ၊ အက်ရှင် စတဲ့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်ပေမယ့် အပြင်လက်တွေ့က သူ့ရဲ့ပုံစံကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင် းသူတစ်ယောက်ပါ။ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ ကျော်ကျော်ကတော့ အိမ်ထောင်ပြုသင့်နေပြီဆိုပေမယ့် အခုအချိန်ထိ သူ့ရဲ့ ဘဝလက်တွဲဖော်ကို ရှာမတွေ့သေးပဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်ကျော်တစ်ယောက် လူပျိုလူလွတ်ဘဝနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ် ကိုင်နေတာကိုပဲ မြင်ချင်နေကြတာပဲ ဖြစ်ပါတယ်။

အမြဲတမ်းပျော်ပျော်နေတတ်ပြီး အရာရာကိုစူးစမ်းတတ်တဲ့ ကျော်ကျော်ဟာ ဒီကနေ့မှာလည်း ထူးထူးဆန်းဆန်းအရာတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ်။ ကျော်ကျော်က အပြင်က တကယ့်နတ်ကန္နားပွဲအစစ်မှာ ကိုကြီးကျော်လိပ်ပြာပူးပြီး ပျော်ပျော်ရွှင်ရွှင်ကခုန်ခဲ့တာကို အခုလိုမိုးပဲ တြေ့ရပါတယ်။

ကျော်ကျော်ကတော့ မလုပ်တတ်တာ ဘာမှမရှိလောက်အောင် သွက်သွက်လက်လက်ရှိတာ ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရာရာမှာ ပါရမီပါတဲ့ ကျော်ကျော့်ကိုကြည့်ပြီး အံ့သြနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Kyaw Kyaw’s fb

error: Alert: Content is protected !!