ဓာတ်ပုံပိုစတာလေးတစ်ခုကြောင့် မိန်းကလေးတွေရဲ့ သဝန်တိုခြင်းခံနေရတဲ့ ပိုင်တံခွန်

သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောရုံသာမကပဲ စိတ်ထားလေးလည်းနူးညံ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ကိုချစ်ခင်စွာ အားပေးကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားတာကြောင့် သူ့ရဲ့ဂုဏ်သတင်းဟာ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပနိုင်ငံကပရိသတ်တွေကပါ ပြောစမှတ်တွင်နေရတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ မင်းသားတစ်ယောက်ပီပီ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်လေ့ရှိတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာလည်း ဓာတ်ပုံပိုစတာတစ်ခုကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သဝန်တိုခြင်းခံနေရတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်က မေတိုးခိုင်နဲ့အတူတူရိုက်ကူးထားတဲ့ ဓာတ်ပုံပိုစတာမှာ နှုတ်ခမ်းချင်းထိပြီးနမ်းနေတဲ့ပုံကြောင့် ပရိသတ်တွေသဝန်တိုခံနေရတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ကတော့ ဇာတ်လမ်းလိုအပ်ချက်အရ သရုပ်ဆောင်ခဲ့ပေမယ့် သူတို့ရဲ့ ပရိသတ်အသီးသီးကတော့ သဝန်တိုနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ ပုံရိပ်လေးကိုကြည့်ပြီး အသည်းတယားယားဖြစ်နေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Snow.portfolio’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!