နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ မြတ်သူသူကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ မလျော့သောဇွဲလုံ့လတို့ကြောင့် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မြတ်သူသူဟာ လက်ရှိမှာ ခန္ဓာကိုယ်သိသိသာသာဝလာခဲ့တာကို ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်။ ထိုအကြောင်းနဲ့ ပတ်သက်ပြီး မြတ်သူသူက သူမရဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရင်းကို အခုလိုပဲပြောပြလာပါတယ်။

“စိတ်ထဲပြောပြချင်တာလေးရှိလို့ ဒီပိုစ့်လေးတခုတင်ပါရစေနော်။ ဘဝတူလေးတွေရှိရင် စိတ်ကြိုက် Share လို့ရပါတယ်။ မြတ်သူကိုတွေ့ရင် အမအရမ်းဝလာတာပဲ ဒီအတိုင်းနေတော့မှာလားတို့ ဘယ်လိုပုံကြီးဖြစ်သွားတာလဲတို့ အရင်ကပိန်တယ်နော် စသည်ဖြင့်အမျိုးမျိုးသော အားပေးကဲ့ရဲ့စကားပေါင်းစုံအတွက် နောက်လမှာ ဝိတ်ပြန်ချပြပါမယ်။ မြတ်သူအခု ဝလာပါတယ် မှန်ပါတယ် ဘဝမှာ အခုအသက်အရွယ်ထိ အဝဆုံးကာလတွေလို့ပြောလို့ရပါတယ် အရင်က ပေါင်ချိန် (၁၂၀) က အလွန်ဆုံးပေမယ့် အခု ပေါင်ချိန် (၁၄၅) ရှိပါတယ် မြတ်သူကရော အနုပညာအလုပ်လုပ်နေတဲ့သူတယောက်ဖြစ်နေရက်နဲ့ ဒီလောက်ဝလာတာကို လိုချင်နေပါ့မလား။ ဘာလို့ခုလောက်ထိ ဝသွားလဲ အဖြေကို အရင်ကမရှင်းပြချင်ခဲ့လို့ ဝလာတယ်ပြောရင် စိတ်ချမ်းသာလာလို့ပဲ ရီမောပြီးဖြေခဲ့ပါတယ် ရင်ထဲမှာ ခံစားရတာတော့အမှန်ပေါ့လေ”

“ဒီနှစ်ထဲမှာ မြတ်သူတို့မိန်းကလေးသဘာဝဓမ္မတာလာတဲ့ကိစ္စတွေကို သတိမထားပဲ ခေါင်းလျှော်တာမျိုးတွေကို နှစ်ချီလုပ်ခဲ့မိလို့ သွေးလုံးတည်ပြီး ခွဲစိပ်မှုလုပ်ခဲ့ရပါတယ်။ ကိုဗစ်ကာလအတွင်းဆေးရုံတက်ခဲ့ရတာမို့ ကိုယ်ခံအားနည်းမှာကြောက်လို့ အစားလည်းမရှောင်ခဲ့ရပါဘူး ဒါပေမယ့် အခုထိ ထမင်းအစားထိုးပြီး ဝဥကြာဆံပဲစားနေတာပါ။ ဗိုက်နဲ့ချက်မှာ အပေါက်ဖောက်ပြီး ခွဲစိတ်မှုလုပ်ထားရတာမို့ လေ့ကျင့်ခန်းလည်းလုပ်လို့မရပါဘူး။ ဒီကြားထဲ သွေးလုံးတည်နေတာက ပေါက်သွားလို့ ရှင်းထုတ်ထားပေမယ့် သားအိမ်နံရံမှာ Spot တွေ ဆက်ရှိနေလို့ ဟော်မုန်းဆေးတွေ သွင်းရပါတယ်။ ဒီအတွက် ဘဝမှာ တခါမှမရောက်ဖူးတဲ့ပေါင်ချိန်အထိရောက်ခဲ့တာပါ ဒါ အရမ်းများထူးဆန်းသွားလို့လား”

“တချို့အမျိုးသမီးတွေဆိုလည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဘယ်လောက်ဝိတ်ချချ မကျတဲ့သူမျိုးတွေရှိကြပါတယ် ဒါ လှောင်စရာလားရှင်။ လူတယောက်က ဝတာ ပိန်တာထက် ကျန်းမာဖို့ စိတ်ချမ်းသာဖို့က အဓိကလို့ပဲ မြတ်သူမြင်ပါတယ်။ ကိုယ်ကတော့ အလွယ်ပြောလိုက် ကဲ့ရဲ့လိုက်ပေမယ့် ပြောခံရသူနေရာမှာ ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာပေးတတ်ကြရင် သိပ်ကောင်းမှာပဲ။ မြတ်သူလည်း နယ်ရောက်နေလို့ ဝိတ်ချဖို့အတွက် မပြင်ဆင်ဖြစ်သေးတာပါ။ ချစ်လို့ပြောကြတဲ့သူတွေအတွက်လည်း မကြာခင် ရန်ကုန်ပြန်ရောက်တာနဲ့ ဝိတ်ပြန်ချပေးမှာပါ။ ကဲ့ရဲ့တဲ့သူတွေအတွက်လည်း ကျေးဇူးပါပဲ ☺️ လူတယောက်ရဲ့ဖြစ်တည်မှု ပိန်တာဝတာထက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးမရှိတဲ့သူ မဖြစ်ရင် တော်ပါပြီ။ ပိန်ပိန်ဝဝ စိတ်ချမ်းသာဖို့အဓိကပါ ကောင်မလေးတို့ရေ ❤️” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ သူမရဲ့ကျန်းမာရေးအခြေအနေကြောင့် အစားလျှော့ဖို့မဖြစ်နိုင်သလို အားကစားလုပ်ဖို့လည်းမဖြစ်နိုင်တာကြောင့် အခုလောက်ထိ ဝလာခဲ့ရတာလို့ ပြောလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေအတွက် မကြာခင်အချိန်အတွင်းမှာပဲ ဝိတ်ပြန်ချပေးတော့မယ်လို့လည်း အသိပေးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Myat Thu Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!