နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ အနုပညာလောကမှာ ယနေ့ထိတိုင် အောင်မြင်မှုသရဖူဆောင်းထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ ပြီးခဲ့တဲ့မေလအတွင်းကပဲ အသက် (၅၂) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ကုသိုလ်ရေးကို ပိုမိုအားစိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေလျက်ရှိတဲ့ ထက်ထက်မိုးဦးက ဒီကနေ့ မေလ (၁၀) ရက်နေ့မှာလည်း သူမပြုခဲ့တဲ့ ကုသိုလ်လေးကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ ထက်ထက်မိုးဦးက ဓနုဖြူတော်ဝဆရာတော်ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဂျွန်လွင်ကလည်း အချိုပွဲလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ နေ့စဉ်နေ့တိုင်းမှာ ကုသိုလ်တစ်ခုအမြဲပြုနိုင်အောင် ကြိုးစားနေလျက်ရှိတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးရဲ့ ကုသိုလ်လေးအတွက် ထပ်တူပီတိဖြစ်ဝမ်းသာနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Htet Htet Moe Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဓနုဖြူတော်ဝဆရာတော်ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ပြုခဲ့တဲ့ ထက်ထက်မိုးဦး





Yolo

error: Alert: Content is protected !!