ဒွေးကွယ်လွန်ခြင်း (၁၅)နှစ်ပြည့်နဲ့ ဦးကျော်ဟိန်းကွယ်လွန်ခြင်း (၂)နှစ်ပြည့်နေ့အတွက် ဘုန်းကြီး၊ သီလရှင်နဲ့ ယောဂီတွေကို နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ ဇွဲနိုင်ဝင်း
သရုပ်ဆောင် ဇွဲနိုင်ဝင်းကတော့ အကယ်ဒမီ ဒွေးရဲ့ ညီငယ်လေးတစ်ယောက်လည်းဖြစ်သလို သားတပည့်တစ်ယောက်လို့ဆိုလည်း မှားမယ်မထင်ပါဘူး။ ဒွေးနဲ့ ဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့ဖူးတဲ့ ဇွဲနိုင်ဝင်းဟာ ဒွေးသက်ရှိထင်ရှားရှိစဉ်ကတည်းက ဒွေးအပေါ်သံယောဇဉ်ကြီးသူဖြစ်ပြီး ဒွေးကွယ်လွန်သွားချိန်မှာလည်း နှစ်စဉ်နှစ်တိုင်း ရည်စူးကုသိုလ်တွေပြုပေးဖြစ်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇွဲနိုင်ဝင်းဟာ သာသနာ့ဘောင်ထဲကို သူပျော်သလောက်ဝင်ပြီး တရားအားထုတ်နေလျက်ရှိတဲ့ ဦးဇင်းဇောတိကအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင်လ (၁၁)ရက်နေ့ကတော့ ဒွေးကွယ်လွန်ခြင်း (၁၅)နှစ်ပြည့်နေ့ဖြစ်ပြီး ဒွေးရဲ့ဦးလေးအရင်းဖြစ်တဲ့ မင်းသားကြီး ဦးကျော်ဟိန်း ကွယ်လွန်ခြင်း (၂) နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။ ဦးဇင်းဇောတိကတဖြစ်လည်း ဇွဲနိုင်ဝင်းက သူသီတင်းသုံးနေတဲ့ကျောင်းက သံဃာတော်တွေ၊ သီလရှင်ဆရာလေးတွေနဲ့ ယောဂီတွေကို ဒွေးနဲ့ကျော်ဟိန်းတို့အတွက်ရည်စူးပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ဇွဲနိုင်ဝင်းကတော့ ဒွေးကွယ်လွန်ပြီးကတည်းက နှစ်စဉ်မပျက်မကွက် ဒွေးအတွက် ရည်စူးကုသိုလ်တွေပြုပေးနေတာပဲဖြစ်ပါတယ်။ ဒွေးနဲ့ ဦးကျော်တို့လည်း ဇွဲနိုင်ဝင်းပြုပေးသမျှကုသိုလ်တွေကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zwe Naing Win ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
error: Alert: Content is protected !!