“ဒေါင်းယာဉ်ပျံ” ဇာတ်လမ်းထဲမှာ ဇာတ်ဝင်သီချင်းနဲ့ သရုပ်ဆောင်တဲ့အိုက်တင်ကွဲလွဲနေတဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာတဲ့ ဆက်ယွန်းတွယ်တာ

မျက်နှာလုံးလုံးလေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့ သရုပ်ဆောင်သစ်လေး ဆက်ယွန်းတွယ်တာကတော့ လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးဖြစ်ပါတယ်။ ဆက်ယွန်းတွယ်တာဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲနဲ့ “အေးရိပ်ငြိမ်” ဇာတ်လမ်းတွဲတို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆက်ယွန်းတွယ်တာက ပရိသတ်တွေ ဝေဖန်နေကြတဲ့ “ဒေါင်းယာဉ်ပျံ” ဇာတ်လမ်းထဲမှာ ဇာတ်ဝင်သီချင်းနဲ့ သရုပ်ဆောင်တဲ့အိုက်တင်ကွဲလွဲနေတဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာခဲ့ပါတယ်။

ဆက်ယွန်းတွယ်တာက “ညီမတို့ရိုက်တုန်းကဆိုတဲ့သီချင်းကတပုဒ်သက်သက်ပါ။ အဲ့သီချင်းကထည့်သုံးဖို့အဆင်မပြေတဲ့အတွက် အခုသီချင်းကိုပြောင်းလိုက်ရတာဖြစ်တဲ့အတွက် ညီမဆိုနေတဲ့သီချင်းနဲ့ သုံးထားတဲ့သီချင်းနဲ့မတူတာပါ။ သီချင်းဆိုတဲ့အခန်းလေးတွေကြည့်ရတာအဆင်မပြေဖြစ်သွားရင်တောင်းပန်ပါတယ်နော်🥰” ဆိုပြီး ပရိသတ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဆက်ယွန်းတွယ်တာရဲ့ ဇာတ်လမ်းထဲက ပါးစပ်လှုပ်နေတဲ့ သီချင်းစာသားနဲ့ အမှန်တကယ်အသုံးပြုနေတဲ့ သီချင်းတို့ဟာ စာသားချင်းလုံးဝမတူတဲ့အတွက် အခုလို အမှားအယွင်းတွေဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးက ဆက်ယွန်းတွယ်တာကို ချစ်တဲ့မျက်စိနဲ့ကြည့်ပြီး နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sett Yoon Twel Tar’s fb

error: Alert: Content is protected !!