“ဒေဝီထွန်းကျော်” ဆိုတဲ့ ဗီလိန်ကာရိုက်တာကို ရိုက်ခဲ့ရတာ တာဝန်လည်းကြီးပြီး ကြောက်လည်းကြောက်ခဲ့ရတယ်ဆိုတဲ့ နေရည်ဝင်းလဲ့
“ကျွန်တော်အမုန်းဆုံးကျွန်တော်” ဆိုတဲ့ ဇာတ်လမ်းတွဲကနေ လူသိများလာခဲ့တဲ့ သရုပ်ဆောင် နေရည်ဝင်းလဲ့ကို ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်နော်။ နေရည်ဝင်းလဲ့ဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူမရဲ့ဇာတ်ရုအ်အသစ်ကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ “သရဖူ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားချိန်မှာတော့ နေရည်ဝင်းလဲ့က သူမအနေနဲ့ ဒေဝီထွန်းကျော်ဆိုတဲ့ ဇာတ်ကောင်ကိုသရုပ်ဆောင်ဖို့ ကြောက်လည်းကြောက်ခဲ့ရတယ်လို့ အခုလိုပဲပြောလာပါတယ်။
“အမှတ်တရများစွာနဲ့ သရဖူကားကြီးကတော့ ပြီးဆုံးသွားပါပြီရှင့် ..🥰 ပထမဦးစွာ ဒေဝီထွန်းကျော်ဆိုတဲ့ကာရိုက်တာကိုရွေးချယ်ပေးပါသော Forever Group မှ တာဝန်ရှိလူကြီးမင်းများနှင့် Talent management center ကိုကျေးဇူးအများကြီးတင်ပါတယ် ..ရိုက်ကူးရေးတလျောက်လုံး ပင်ပင်ပန်းပန်းရိုက်ကူးပေးပါသော ရိုက်ကူးရေးအဖွဲ့သားများအားလုံးကို လဲ အထူးကျေးဇူးတင်ရှိပါတယ်နော်..🙏🙏”
“ပထမဆုံး ဗီလိန်ကာရိုက်တာကိုရိုက်ခဲ့ရတာ တာဝန်လဲ ကြီးသလို ကြောက်လဲကြောက်ခဲ့ပါတယ် ..ဗီလိန်ကာရိုက်တာရိုက်တာတောင် ချစ်ပေးကြတဲ့ ချစ်သော အမျိုးများ ချစ်မဝများအားလုံးကိုလဲကျေးဇူးတင်ရှိပါတယ်ရှင့် ..🥰😍လိုအပ်ချက်များရှိခဲ့ရင်လဲ ဒီနေရာကနေ အနူးအညွန့်တောင်းပန်ပါတယ်နော် နေရည်ပိုကြိုးစားပါ့မယ်ရှင့်..😘🙏 သဲဖြူလေးကိုလဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်..🥰😍” ဆိုပြီး “သရဖူ” ရိုက်ကွင်းပေါ်က အမှတ်တရတွေကို အခုလိုပဲပြောလာပါတယ်။
နေရည်ဝင်းလဲ့ကတော့ “သရဖူ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းသွားပေမယ့် လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်မှာ သဲဖြူဆိုတဲ့ ဇာတ်ကောင်လေးကိုသရုပ်ဆောင်ထားတာမို့ ပရိသတ်တွေက ဆက်လက်ပြီးအားပေးပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Yee Win Lai ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Yee Win Lai – နေရည်ဝင်းလဲ့’s fb