ဒုတိယအိမ်ဖြစ်တဲ့ မြန်မာနိုင်ငံကြီး အမြန်ဆုံးငြိမ်းချမ်းဖို့ အဝေးကနေအမြဲဆုတောင်းပေးနေတယ်ဆိုတဲ့ Sinon Loresca
ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ မြန်မာနိုင်ငံကို အလုပ်ကိစ္စနဲ့လာရင်း မြန်မာလူမျိုးတွေကို သံယောဇဉ်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ သူ့ရဲ့မွေးရပ်မြေ ဖိလစ်ပိုင်ကို ပြန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဖိလစ်ပိုင်ကို ပြန်သွားခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို မမေ့တဲ့ Sinon Loresca ကဒီကနေ့မှာလည်း သူ့အနေနဲ့ မြန်မာနိုင်ငံကြီး အမြဲတမ်းအေးချမ်းဖို့ ဆုတောင်းပေးနေတယ်ဆိုပြီး ပြောလာပါတယ်။
Sinon Loresca က “မြန်မာနိုင်ငံကြီးအမြန်ငြိမ်းချမ်းဖို့နဲ့မြန်မာပြည်သူပြည်သားတွေဘေးအန္တရာယ်ကင်းဖို့ ကျတော်အမြဲတမ်းဆုတောင်းပေးနေပါတယ်ဗျာ။ ဘုရားသခင်စောင့်ရှက်တော်မူပါစေ။ ကျတော်ချစ်တဲ့ကျတော့်ရဲ့ဒုတိယအိမ်မြန်မာ….” ဆိုပြီး မြန်မာပြည်ငြိမ်းချမ်းဖို့နဲ့ မြန်မာပြည်သူပြည်သားတွေ ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းပေးနေတယ်ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
Sinon Loresca ကတော့ မြန်မာပြည်မှာ နှစ်နှစ်နီးပါးနေပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ဖူးသူမို့ မြန်မာလူမျိုးတွေနဲ့ အရမ်းရင်းနှီးပြီး မြန်မာနိုင်ငံကို သံယောဇဉ်ဖြစ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ Sinon Loresca ကို သတိရနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sinon Loresca’s fb