ဒုတိယမြောက်သမီးလေး “ချစ်ခြင်း” ကို ထပ်မံရရှိပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တဲ့ အဆိုတော်ဂျွန်တို့ ဇနီးမောင်နှံ

အဆိုတော် ဂျွန်ကိုတော့ ပရိသတ်ကြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဂျွန့်ရဲ့သီချင်းတွေသာမကပဲ ဂျွန့်ရဲ့မိသားစုလေးကလည်း ချစ်စရာကောင်းပြီး ဂျွန်ရဲ့ဇနီးသည်ဟာ ဆရာဝန်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဂျွန်တို့ဇနီးမောင်နှံဟာ ဟက်ပီးဆိုတဲ့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးပြီဖြစ်ပြီး အခုတစ်ခါမှာတော့ သမီးလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။

ဂျွန်တို့ဇနီးမောင်နှံရဲ့ ဒုတိယမြောက်သမီးလေး ချစ်ခြင်းကို မနေ့က သြဂုတ်လ (၁၁) ရက်နေ့မှာ ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဂျွန်ကတော့ သမီးလေးအတွက် “ကမ္ဘာမြေပေါ်ကို ချစ်ခြင်းရောက်တဲ့နေ့ Aug 11, 2022 ဝါခေါင်လပြည့် မေတ္တာနေ့ welcome to our happy family သမီးငယ်လေးရေ.. သာယာချမ်းမြေ့တဲ့ဘဝလေးကို တစ်သက်လုံးပိုင်ဆိုင်ပါစေ.. တစ်သက်လုံးပျော်ရွှင်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးမြတ်တဲ့ ဉာဏ်ပညာတွေ ရရှိပိုင်ဆိုင်နိုင်ပါစေ.. ဖေဖေ့သမီးငယ် “ချစ်ခြင်း” “ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။

အဆိုတော်ဂျွန်ကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နာမည်လေးနဲ့လိုက်အောင်ချစ်စရာကောင်းတဲ့ အဆိုတော်ဂျွန်ရဲ့ သမီးငယ် “ချစ်ခြင်း” လေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: John Stiffler ‘s fb

error: Alert: Content is protected !!