ဒုတိယကိုယ်ဝန်ဆောင်စဉ်က ဆီးစစ်တံကိုဖေ့စ်ဘုတ်ပေါ်တင်မိတာကြောင့် လူတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရကြောင်းပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်၊ အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ အောင်မြင်နေဆဲအချိန်မှာပဲ အိမ်ထောင်ပြုပြီး တစ်အိုးတစ်အိမ်ထူထောင်လိုက်ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို မလျော့စတမ်းရရှိနေသေးသူတစ်ယောက်ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပြီး သူမရဲ့ ခင်ပွန်းဟာလည်း ကွယ်လွန်သွားခဲ့တာကြောင့် သားနဲ့သမီးကို တစ်ယောက်တည်းပြုစုပျိုးထောင်ရင်း အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နန်းမြတ်ဖြိုးသင်းက သူမရဲ့ဗီဒီယိုဟောင်းတစ်ခုကို Share ရင်း “4Million view တဲ့လား။ အဲဒါလေးတင်တုန်းက မိုက်မိုက်ရိုင်းရိုင်းတွေပြောကြတာတွေလဲပါ ကုတင်ပေါ်ကကိစ္စတွေလဲပါ။ ကိုယ့်ဘဝထဲကိုလူသားလေးတစ်ယောက်လိုချင်တဲ့အချိန်မှာရောက်လာတာblessingတစ်ခုပါပဲ။ ဒါကိုဘာလို့များရိုးရိုးလေးမမြင်နိုင်ကြလဲဆိုပီးစိတ်လဲဆိုး၊စိတ်မကောင်းလဲဖြစ်ခဲ့တယ်။ ယောက်ျားကတော့အဲ့တည်းကအားပေးတယ် “မိန်းမရေ လူတွေကအဲ့လိုပဲလေ၊ လိုက်မခံစားနဲ့၊ ကိုယ်ဝန်နုနုလေးနဲ့” ဆိုပီးအားပေးခဲ့တယ်။ ခုတော့တခုခုဆိုအနားမှာအားပေးမယ့်သူမရှိလို့ ကိုယ့်ဟာကိုယ်အားတင်းထားတယ်။ ဘာဖြစ်ဖြစ်ခံနိုင်ရည်ရှိဖို့” ဆိုပြီး ပြောလာပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ တချိန်က လူတွေရဲ့ ကဲ့ရဲ့ဝေဖန်ခြင်းကိုခံရစဉ်က ခင်ပွန်းဖြစ်သူရဲ့ ဖေးမမှုကို ရရှိခဲ့ပေမယ့် အခုဆိုရင်တော့ အားပေးဖေးမမယ့် ခင်ပွန်းသည်မရှိတော့တဲ့အတွက် ကိုယ့်အတွက်ကိုယ်သာ အားတင်းထားရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nann Myat Phyo Thinn ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဒုတိယကိုယ္ဝန္ေဆာင္စဥ္က ဆီးစစ္တံကိုေဖ့စ္ဘုတ္ေပၚတင္မိတာေၾကာင့္ လူေတြရဲ့ကဲ့ရဲ့ေဝဖန္မႈကိုခံခဲ့ရေၾကာင္း ေျပာျပလာတဲ့ နန္းျမတ္ၿဖိဳးသင္း

သ႐ုပ္ေဆာင္၊ အဆိုေတာ္ နန္းျမတ္ၿဖိဳးသင္းကေတာ့ ေအာင္ျမင္ေနဆဲအခ်ိန္မွာပဲ အိမ္ေထာင္ျပဳၿပီး တစ္အိုးတစ္အိမ္ထူေထာင္လိုက္ေပမယ့္ ပရိသတ္ေတြရဲ႕အခ်စ္ကို မေလ်ာ့စတမ္းရရွိေနေသးသူတစ္ေယာက္ျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းဟာ သားတစ္ေယာက္ သမီးတစ္ေယာက္ ထြန္းကားခဲ့ၿပီး သူမရဲ႕ ခင္ပြန္းဟာလည္း ကြယ္လြန္သြားခဲ့တာေၾကာင့္ သားနဲ႔သမီးကို တစ္ေယာက္တည္းျပဳစုပ်ိဳးေထာင္ရင္း အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ နန္းျမတ္ၿဖိဳးသင္းက သူမရဲ႕ဗီဒီယိုေဟာင္းတစ္ခုကို Share ရင္း “4Million view တဲ့လား။ အဲဒါေလးတင္တုန္းက မိုက္မိုက္႐ိုင္း႐ိုင္းေတြေျပာၾကတာေတြလဲပါ ကုတင္ေပၚကကိစၥေတြလဲပါ။ ကိုယ့္ဘဝထဲကိုလူသားေလးတစ္ေယာက္လိုခ်င္တဲ့အခ်ိန္မွာေရာက္လာတာblessingတစ္ခုပါပဲ။ ဒါကိုဘာလို႔မ်ား႐ိုး႐ိုးေလးမျမင္ႏိုင္ၾကလဲဆိုပီးစိတ္လဲဆိုး၊စိတ္မေကာင္းလဲျဖစ္ခဲ့တယ္။ ေယာက္်ားကေတာ့အဲ့တည္းကအားေပးတယ္ “မိန္းမေရ လူေတြကအဲ့လိုပဲေလ၊ လိုက္မခံစားနဲ႔၊ ကိုယ္ဝန္ႏုႏုေလးနဲ႔” ဆိုပီးအားေပးခဲ့တယ္။ ခုေတာ့တခုခုဆိုအနားမွာအားေပးမယ့္သူမရွိလို႔ ကိုယ့္ဟာကိုယ္အားတင္းထားတယ္။ ဘာျဖစ္ျဖစ္ခံႏိုင္ရည္ရွိဖို႔” ဆိုၿပီး ေျပာလာပါတယ္။

နန္းျမတ္ၿဖိဳးသင္းကေတာ့ တခ်ိန္က လူေတြရဲ႕ ကဲ့ရဲ႕ေဝဖန္ျခင္းကိုခံရစဥ္က ခင္ပြန္းျဖစ္သူရဲ႕ ေဖးမမႈကို ရရွိခဲ့ေပမယ့္ အခုဆိုရင္ေတာ့ အားေပးေဖးမမယ့္ ခင္ပြန္းသည္မရွိေတာ့တဲ့အတြက္ ကိုယ့္အတြက္ကိုယ္သာ အားတင္းထားရတယ္လို႔ ေျပာလာတာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Nann Myat Phyo Thinn ‘s fb

error: Alert: Content is protected !!