ဒုက္ခတွင်းထဲကျရောက်နေချိန် ကိုယ့်ကိုကိုယ်ထက် မိဘတွေအတွက်ကို အရင်စိတ်ပူမိခဲ့တယ်ဆိုတဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ အနုပညာနဲ့ပတ်သက်လာရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသလို မိသားစုထဲမှာလည်း မိဘတွေရဲ့ အားကိုးအားထားပြုရသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ သူ့ရဲ့မိဘတွေအပေါ်ကိုသာမက မောင်နှမသွေးသားတွေအပေါ်မှာလည်း တာဝန်ယူပေးချင်စိတ်အပြည့်ရှိသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အဲ့ဒီစိတ်ထားလေးတွေကြောင့်ပဲ ပိုင်တံခွန်ဟာ လူချစ်လူခင်ပေါများခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။
အောင်မြင်လာတဲ့အချိန်မှာ မိဘတွေကို တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ လိုလေသေးမရှိပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးထားတဲ့ ပိုင်တံခွန်ဟာ သူဒုက္ခဆင်းရဲရောက်ချိန်မှာလည်း မိဘတွေကို အရမ်းစိတ်ပူခဲ့ရတဲ့အကြောင်းကို “ကို ဒုက္ခရောက်တဲ့အချိန်ဆို ကို့မိဘကို အရင် စိတ်ပူတယ်။ ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်လာပါတယ်။
ပိုင်တံခွန်ကတော့ မိဘတွေကို အရမ်းချစ်သလို သူ့ရဲ့မိဘတွေကလည်း သူဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်ဖို့ အများကြီးပံ့ပိုးပေးခဲ့သူတွေဖြစ်ပါတယ်။ ပိုင်တံခွန်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ပြီး စိတ်ချမ်းသာစရာတွေနဲ့ပဲ ကြုံဆုံနိုင်ပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Takhon ‘s fb