ဒီကနေ့ မေလ (၂၇) ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ ရဲတိုက်

သရုပ်ဆောင် ရဲတိုက်ကတော့ အမှန်တရားကိုမြတ်နိုးသူဖြစ်ပြီး လွတ်လပ်မှုကိုခုံမင်သူပီပီ သူ့ရဲ့ဘဝကို သူဖြစ်ချင်သလို ဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တာကြောင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံပြီးသားဖြစ်တဲ့ ရဲတိုက်ဟာ ဒီကနေ့ မေလ (၂၇) ရက်နေ့မှာလည်း ပုဒ်မ ၂၃ နဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။

“2022 May 27 ၅၀၅ က ဖြင့်ထောင်ဒဏ် ၃နှစ်ချခံရအပြီး ၁၆ ဂ ဖြင့် ထောင်တွင်းအထူးတရားရုံးတင်စစ်ဆေးနေရာမှ ၈လခန့်အကြာတွင် ပုဒ်မ ၂၃ ဖြင့်ထပ်တိုးတရားစွဲဆိုပြီး အနောက်ပိုင်းခရိုင် တရားသူကြီး ဒေါ်လွင်လွင်ဌေးက ၅လနီးပါးထပ်မံစစ်ဆေးပြီး ယနေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်” ဆိုပြီး ရဲတိုက်ရဲ့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းက အသိပေးထားတာပဲဖြစ်ပါတယ်။

ရဲတိုက်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပီပီ အခုလို မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အပေါ် သူ့ကိုချစ်တဲ့ ပရိသတ်တွေက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Satori – ဆာတိုရီ’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဒီကေန့ ေမလ (၂၇) ရက္ေန့မွာ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ (၁၀) ႏွစ္ ထပ္မံခ်မွတ္ခံလိုက္ရတဲ့ ရဲတိုက္

သ႐ုပ္ေဆာင္ ရဲတိုက္ကေတာ့ အမွန္တရားကိုျမတ္ႏိုးသူျဖစ္ၿပီး လြတ္လပ္မႈကိုခုံမင္သူပီပီ သူ႔ရဲ႕ဘဝကို သူျဖစ္ခ်င္သလို ျဖတ္သန္းေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။ လက္ရွိစစ္အာဏာသိမ္းမႈျဖစ္စဥ္မွာလည္း ဓမၼဘက္ကေန ရဲရဲဝံ့ဝံ့ရပ္တည္ခဲ့တာေၾကာင့္ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူျဖစ္ပါတယ္။ ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံၿပီးသားျဖစ္တဲ့ ရဲတိုက္ဟာ ဒီကေန႔ ေမလ (၂၇) ရက္ေန႔မွာလည္း ပုဒ္မ ၂၃ နဲ႔ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ (၁၀) ႏွစ္ခ်မွတ္ခံရတယ္လို႔ သိရပါတယ္။

“2022 May 27 ၅၀၅ က ျဖင့္ေထာင္ဒဏ္ ၃ႏွစ္ခ်ခံရအၿပီး ၁၆ ဂ ျဖင့္ ေထာင္တြင္းအထူးတရား႐ုံးတင္စစ္ေဆးေနရာမွ ၈လခန႔္အၾကာတြင္ ပုဒ္မ ၂၃ ျဖင့္ထပ္တိုးတရားစြဲဆိုၿပီး အေနာက္ပိုင္းခ႐ိုင္ တရားသူႀကီး ေဒၚလြင္လြင္ေဌးက ၅လနီးပါးထပ္မံစစ္ေဆးၿပီး ယေန႔တြင္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္” ဆိုၿပီး ရဲတိုက္ရဲ႕ ဆာတိုရီ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းက အသိေပးထားတာပဲျဖစ္ပါတယ္။

ရဲတိုက္ကေတာ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ပီပီ အခုလို မတရားဖမ္းဆီးေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့အေပၚ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြက စိတ္မေကာင္းဝမ္းနည္းျဖစ္ေနၾကတာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Satori – ဆာတိုရီ’s fb

error: Alert: Content is protected !!