ဒီကနေ့ရဲ့မွေးနေ့ရှင် သူငယ်ချင်းအောင်ရဲလင်းအတွက် မမေ့မလျော့ပဲမွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဟိန်းဇေ
မင်းသားချော အောင်ရဲလင်းက ချောမောတဲ့ ရုပ်ရည်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် မိန်းကလေးတွေကြားမှာ နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။ အောင်ရဲလင်းက ဗီဒီယိုနဲ့ ကြော်ငြာတွေကို တော်တော်များများ ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တာ နည်းပါးသွားပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးနေလျက်ရှိပါတယ်။ ဒါပေမယ့် သူ့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ အောင်ရဲလင်းကို ဒီနေ့ဒီအချိန်ထိ သတိတရအားပေးနေကြဆဲဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ကတော့ အောင်ရဲလင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ အောင်ရဲလင်းအတွက် သရုပ်ဆောင် ဟိန်းဇေကလည်း သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “Happy birthday pr သူငယ်ချင်း ကိုကြီးအောင်ရဲလင်း မပြောင်းလဲသောစိတ်ထားနဲ့ နှစ်ပေါင်းများစွာ ခင်မင်ခွင့်ရခဲ့သော တန်ဖိုးရှိတဲ့ စိတ်ထားကောင်းသောသူငယ်ချင်းတွေ ထဲ က သူငယ်ချင်းတယောက်ပါ 😍❤️ အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေ သူငယ်ချင်း ကိုကြီး” ဆိုပြီး အောင်ရဲလင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။
အောင်ရဲလင်းနဲ့ ဟိန်းဇေတို့ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ သူငယ်ချင်းအဖြစ် မကြာခဏပူးတွဲသရုပ်ဆောင်ရလေ့ရှိပြီး အပြင်မှာလည်း ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းညီအစ်ကိုတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့မွေးနေ့ရှင် အောင်ရဲလင်းအတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များမှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Hein Zay’s fb