ဒီကနေ့ရဲ့မွေးနေ့ရှင် မအေးသောင်းအတွက် အချစ်တွေများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ နှင်းဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်း

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ကတော့ အနုပညာလောကမှာ နာမည်ကြီးတဲ့ ညီအစ်မသုံးယောက်ပဲဖြစ်ပါတယ်။ နှင်းဝတ်ရည်သောင်းကတော့ နိုင်ငံရပ်ခြားမှာနေထိုင်နေတာမို့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာဖြစ်ပြီး အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ ညီအစ်မကတော့ အရင်အတိုင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြဆဲပဲဖြစ်ပါတယ်။

ဒီကနေ့ မေလ (၂၇) ရက်နေ့ကတော့ ညီအစ်မတွေထဲကအလတ်ဖြစ်တဲ့ မအေးသောင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မအေးသောင်းရဲ့မွေးနေ့အတွက် အစ်မကြီး နှင်းဝတ်ရည်သောင်းက “Happy birthday Suma .😍 ကျန်းမာချမ်းသာ-လိုရာပြည့်စုံပါစေ😇 အမ🙄ကိုလဲဆက်လက်နိုင်ပါစေသား😫” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့သလို ညီမငယ်လေး ဆွိဝတ်ရည်သောင်းကလည်း “Happy Birthday ကြောင်လေး 😘” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းတို့ ညီအစ်မတွေကတော့ တစ်ယောက်ကိုတစ်ယောက်ချစ်ပြီး သူငယ်ချင်းလိုချစ်ကြတဲ့သူတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် မအေးသောင်းအတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sweet Wutt Yi Thaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!