ဒီကနေ့မှာ အသက် (၁၂) နှစ်ပြည့်သွားခဲ့တဲ့ သားကြီး ဖစ်ဖစ်တုန်အတွက် မွေးနေ့ဆုတောင်းပေးလာတဲ့ R ဇာနည်
သီချင်းကောင်းလေးတွေသီဆိုရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ကြီး R ဇာနည်ကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင် အောင်မြင်မှုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဂီတလောကမှာ အရမ်းကို အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ R ဇာနည်ကတော့ မိသားစုရေး အိမ်ထောင်ရေးမှာလည်း အရမ်းကို ကံကောင်းလွန်းတဲ့ သူတစ်ဦးဆိုလည်း မမှားပါဘူး။ R ဇာနည်ကတော့ အခုဆိုရင် သားနှစ်ယောက် သမီးတစ်ယောက်နဲ့ နွေးထွေးလုံခြုံမှုရှိတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေလျက်ရှိပါတယ်။
ဒီကနေ့ ဇူလိုင်လ (၂၁) ရက်နေ့ကတော့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ သားကြီး ဖစ်ဖစ်တုန်ရဲ့ အသက် (၁၂) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ R ဇာနည်က သူ့ရဲ့သားကြီး ဖစ်ဖစ်တုန်အတွက် “Happy Birthday 🎁🎊🎂🎈🎉 Lovely ❤️ Son Gyi , Par Par wish you all the best.” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။
R ဇာနည်ကတော့ သားသမီးတွေရဲ့ မွေးနေ့တိုင်းမှာ နှစ်စဉ်နှစ်တိုင်း အလှူတွေပြုလုပ်ပေးလေ့ရှိပေမယ့် ဒီနှစ်တွေမှာတော့ အိမ်ရဲ့အဝေးတစ်နေရာမှာရောက်ရှိနေတဲ့အတွက် ဘာအလှူမှကြီးကြီးကျယ်ကျယ်ပြုလုပ်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး ဖစ်ဖစ်တုန်အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zarni Myonyunt.’s fb