




Source:Kyaw Soe Win ‘s fb

ဒီကနေ့ကျရောက်တဲ့မွေးနေ့မှာ ရဟန်းလောင်း(၁၀)ဦးနှင့် ရှင်သာမဏေလောင်း (၁၀၈)ဦးတို့အား ရဟန်းခံရှင်ပြုပေးခဲ့တဲ့ ခန့်စည်သူ

သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူကတော့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပြီး အလှူအတန်းမှာလည်းရက်ရောတာကြောင့် နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်တွေကိုရရှိထားသူဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ (၁၁) ရက်နေ့ကတော့ ခန့်စည်သူရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ခန့်စည်သူက သူ့ရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေချည်းပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သူပြုခဲ့သမျှ ကုသိုလ်အစုစုကိုလည်း အခုလိုပဲပြောပြလာပါတယ်။

ခန့်စည်သူက “ယနေ့ မွေးနေ့အလှူမင်္ဂလာ (၁၁-၆-၂၀၂၂) မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်စွာဘုရားကြီးအား ညရုံတော်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းလောင်း(၁၀)ဦးနှင့် ရှင်သာမဏေလောင်း (၁၀၈)ဦးတို့အား ရဟန်းခံ၊ရှင်ပြုပေးခြင်းနှင့် သိမ်ဆင်းလောင်းလှူခြင်း၊ ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင် သီတင်းသုံးတော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ယောဂီသူတော်စင်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်တို့ကို ပြုလုပ်ခဲ့ပါတယ်။ ပါဝင်လှူဒါန်းကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းများအား ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ယနေ့ပြုပြုခဲ့သမျှ ကုသိုလ်အစုစုတို့ကို (၇)ရက် သား၊သမီးအပေါင်း သူတော်ကောင်းတို့အားမျှဝေပါတယ်။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားတာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ အသက်တစ်နှစ်ကြီးလာတဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်းဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ကျရောက်တဲ့ ခန့့်စည်သူရဲ့မွေးနေ့အတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source:Kyaw Soe Win ‘s fb

error: Alert: Content is protected !!