ထူးထူးဆန်းဆန်း ကမ္ဘာ့အသေးငယ်ဆုံးတိရစ္ဆာန်တစ်ကောင်ကို ဝယ်ယူမွေးစားခဲ့တဲ့ ပိုင်တံခွန်

သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေအကုန်လုံးက ချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူ့ကိုယ်သူစည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေလျက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီလို အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ ပိုင်တံခွန်ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။

တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီး ထူးထူးဆန်းဆန်းအကောင်လေးတွေကိုကြိုက်တတ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့နေအိမ်မှာ ကုန်းနေရေနေသတ္တဝါလေးတွေအပြင် တွားသွားသတ္တဝါလေးတွေကိုပါမွေးထားတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ပိုင်တံခွန်က ကမ္ဘာ့အသေးဆုံးဆိတ်အမျိုးအစားဖြစ်တဲ့ Pygmy Goat လေးကို ထူးထူးဆန်းဆန်းမွေးခဲ့ပြန်ပါတယ်။

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အပေါ်ယံမဟုတ်ပဲ တကယ်ပဲချစ်မြတ်နိုးသူတစ်ယောက်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ထူးထူးဆန်းဆန်း ကမ္ဘာ့အသေးဆုံးဆိတ်လေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!