ထိုင်းနိုင်ငံကပရိသတ်တွေကို အရမ်းလွမ်းနေပါပြီလို့ ပြောလာတဲ့ ပိုင်တံခွန်

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်း နဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံအသီးသီးက ပရိသတ်တွေကြား မှာပါ တော်တော်လေး ရေပန်းစားအောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း ထိုင်းနိုင်ငံမှာ Fan Meeting လုပ်နိုင်တဲ့အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းလူမျိုး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာလည်း သူ့ရဲ့ပရိသတ်တွေကို လွမ်းနေပြီဆိုပြီး အခုလိုပဲပြောလာပါတယ်။

ပိုင်တံခွန်က “ထိုင်းနိုင်ငံက ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်အရမ်းလွမ်းနေပါပြီ။ တကယ်လို့ အခွင့်အရေးရခဲ့မယ်ဆိုရင် အရင်တစ်ခေါက်ကလိုပဲ ကျွန်တော်အားလုံးနဲ့ ဆုံချင်ပါတယ်။ ကျွန်တော်စကားတွေအများကြီးမပြောတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကျွန်တော့်နိုင်ငံက ပရိသတ်တွေကိုချစ်သလို ထိုင်းနိုင်ငံက ပရိသတ်တွေကိုလည်း ထပ်တူထပ်မျှချစ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော့်ရဲ့ခင်ခင်မှုကတော့ ဘယ်အချိန်မှာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် ပြည်ပပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာလည်း ထိုင်းပရိသတ်တွေနဲ့ဆုံတွေ့ဖို့ ထိုင်းနိုင်ငံကိုသွားရောက်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပိုင်တံခွန်ရဲ့ ထိုင်းလူမျိုးပရိသတ်တွေကလည်း အခုဆိုရင် ပိုင်တံခွန်ကို တော်တော်လေး သတိရနေလာက်ပြီထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ထိုင္းႏိုင္ငံကပရိသတ္ေတြကို အရမ္းလြမ္းေနပါၿပီလို႔ ေျပာလာတဲ့ ပိုင္တံခြန္

ႏိုင္ငံေက်ာ္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ရွည္လ်ားတဲ့ အရပ္အေမာင္း နဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသားေလးတစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ပိုင္တံခြန္က ျမန္မာႏိုင္ငံမွာသာမက ျပည္ပႏိုင္ငံအသီးသီးက ပရိသတ္ေတြၾကား မွာပါ ေတာ္ေတာ္ေလး ေရပန္းစားေအာင္ျမင္ခဲ့ၿပီး ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္မွာလည္း ထိုင္းႏိုင္ငံမွာ Fan Meeting လုပ္ႏိုင္တဲ့အထိ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ထိုင္းလူမ်ိဳး ပရိသတ္အခိုင္အမာ ရရွိထားတဲ့ ပိုင္တံခြန္ဟာ ဒီကေန႔မွာလည္း သူ႔ရဲ႕ပရိသတ္ေတြကို လြမ္းေနၿပီဆိုၿပီး အခုလိုပဲေျပာလာပါတယ္။

ပိုင္တံခြန္က “ထိုင္းႏိုင္ငံက ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို ကြၽန္ေတာ္အရမ္းလြမ္းေနပါၿပီ။ တကယ္လို႔ အခြင့္အေရးရခဲ့မယ္ဆိုရင္ အရင္တစ္ေခါက္ကလိုပဲ ကြၽန္ေတာ္အားလုံးနဲ႔ ဆုံခ်င္ပါတယ္။ ကြၽန္ေတာ္စကားေတြအမ်ားႀကီးမေျပာတတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ကြၽန္ေတာ့္ႏိုင္ငံက ပရိသတ္ေတြကိုခ်စ္သလို ထိုင္းႏိုင္ငံက ပရိသတ္ေတြကိုလည္း ထပ္တူထပ္မွ်ခ်စ္တယ္ဆိုတာ ေသခ်ာပါတယ္။ ကြၽန္ေတာ့္ရဲ႕ခင္ခင္မႈကေတာ့ ဘယ္အခ်ိန္မွာမွ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။” ဆိုၿပီး ေျပာလာတာပဲျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ သူ႔ရဲ႕ကိုယ္ေရးကိုယ္တာျပႆနာေတြေၾကာင့္ ျပည္ပပရိသတ္ေတြနဲ႔ ေဝးကြာသြားခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္းမွာလည္း ထိုင္းပရိသတ္ေတြနဲ႔ဆုံေတြ႕ဖို႔ ထိုင္းႏိုင္ငံကိုသြားေရာက္ေတာ့မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပိုင္တံခြန္ရဲ႕ ထိုင္းလူမ်ိဳးပရိသတ္ေတြကလည္း အခုဆိုရင္ ပိုင္တံခြန္ကို ေတာ္ေတာ္ေလး သတိရေနလာက္ၿပီထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Paing Takhon’s fb

error: Alert: Content is protected !!