ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားထဲက လက်စွပ်လေးကို လိုချင်သူတွေများနေကြောင်းပြောပြလာတဲ့ ဇာဏ်ခီ
နိုင်ငံကျော်သရုပ်ဆောင် ဇာဏ်ခီကတော့ သူ့ရဲ့ဇနီးသည် ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရင်း အောင်မြင်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဇာဏ်ခီဟာ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာတွေမှာလည်း တရားသောဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ပြီး လက်ရှိအချိန်ထိတိုင် မြန်မာနိုင်ငံအတွက်လိုအပ်နေတဲ့ ရန်ပုံငွေတွေကို ရှာဖွေပေးနေတာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ပစ္စည်းလေးတွေကိုရောင်းချပြီး တိုင်းပြည်အတွက် လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုဖို့ ငွေရှာဖွေပေးနေတဲ့ ဇာဏ်ခီဟာ ဒီတစ်ခါမှာလည်း သူ့ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့ Now & Ever-ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားထဲက လက်စွပ်လေးကို မဲစနစ်နဲ့ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားထဲက လက်စွပ်လေးဟာ စိတ်ဝင်စားမှုရရှိတာကြောင့် မဲလက်မှတ်တွေအများကြီးလည်း ရောင်းချရသလို လိုချင်သူတွေများကြောင်း ဇာဏ်ခီက “Now & Ever-ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ဝင်ခန်းလက်စွပ်လေးတွေ ဒီတခေါက်ဘယ်သူရသွားမလဲကိုအခုထဲကရင်ခုန်စွာသိချင်နေမိပါတယ်။ မဲမဝယ်ရသေးရင်ဝယ်ထားပါဦးနော်။ (ဒီတခေါက်မဲဝယ်တဲ့သူတွေဆီက “ပေါက်ရင်အကိုနဲ့အမကိုပြန်ပေးမယ်လို့ပြောတဲ့သူမရှိသလောက်ပဲဗျ😁.. ဝမ်းသာပါတယ်လို့.. တကယ်လိုချင်ကြတာကိုတွေ့ရတော့ 🥰)” ဆိုပြီး ပြောပြလာပါတယ်။
ဇာဏ်ခီဟာ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာဦးလက်ဝတ်ရတနာတွေကို ရောင်းချစဉ်ကလည်း ရံပုံငွေတွေများစွာရရှိခဲ့သလို ဒီတစ်ခေါက်မှာလည်း ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားထဲက လက်စွပ်လေးဟာ ရံပုံငွေတွေအများကြီးရှာဖွေနိုင်မှာ သေချာပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zenn Kyi ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Zenn Kyi ‘s fb