ထမင်းရှင်ပရိသတ်တွေကိုလေးစားတဲ့အနေနဲ့ သိန်း (၂၀၀၀) တန်ကြော်ငြာကို လက်လွှတ်လိုက်ကြောင်းပြောပြလာခဲ့တဲ့ ကျော်ကျော်နန္ဒ

အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ တချိန်က ပရိသတ်မကြိုက်တဲ့ ဝတ်စားဆင်ယင်မှုပုံစံတို့ကြောင့် လူမုန်းများခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျော်ကျော်နန္ဒရဲ့ စိတ်သဘောထားကတော့ ဖြောင့်မတ်မှန်ကန်ပြီး ပရိသတ်ကျေးဇူးသိတတ်သူတစ်ယောက်မို့ ပရိသတ်တွေကလည်း နောက်ပိုင်းမှာ ကျော်ကျော်နန္ဒကို ချစ်ပေး အားပေးကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်ကျော်နန္ဒက သိန်း (၂၀၀၀) ရမယ့် ကြော်ငြာတစ်ခုကို ပရိသတ်မျက်နှာကြောင့် စွန့်လွှတ်ခဲ့ကြောင်း အခုလိုပဲပြောပြလာခဲ့ပါတယ်။

ကျော်ကျော်နန္ဒက “Game ကြော်ငြာတွေမရိုက်ဘူးလို့ ပထမဦးဆုံး ကြေငြာထားတဲ့ ကျနော်ကို မက်လုံးပေးတာလားတော့မသိဘူး တစ်နှစ်စာ သိန်းနှစ်ထောင်(၂၀၀၀)နဲ့ စာချုပ်မယ်တဲ့ကြော်ငြာ မက်လောက်စရာပါ ခုချိန်အနေထားက သို့သော် ကျနော် ပြည်သူကို အဆိပ်ပင်ရေလောင်းသလို ကြော်ငြာရမယ်အလုပ်ကို လုံးဝမလုပ်ပါ လက်ရှိအလုပ်တွေနားနေရလည်း ငတ်ပါစေ လုံးဝ Game ကြော်ငြာတွေမရိုက်ပါဘူးဗျ အခြားရိုးရှင်းသော ကြော်ငြာလေးတွေတော့ လက်ခံရိုက်ကူးပါမည်ဗျ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ရပ်တည်မှုကို ငွေနဲ့လဲလှယ်ခြင်းမပြုပဲ သိက္ခာရှိရှိဆက်လက်ရပ်တည်ရင်း ပရိသတ်ကျေးဇူးကိုဆပ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့စိတ်ထားလေးကိုသိပြီး အရင်ကထက်တောင်ပိုချစ်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kknd-L ကျော်ကျော်နန္ဒ’s fb

error: Alert: Content is protected !!