ထမင်းစားဖိတ်တဲ့ ချမ်းမြေ့မောင်ချိုတို့အိမ်မှာ ပီယာနိုလေးတီးပြီး မောင်ချိုနဲ့အတူတူ သီချင်းဆိုပြခဲ့တဲ့အောင်ထက်

အဆိုတော်အောင်ထက်ကတော့ အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကနေ နာမည်ကြီးလာခဲ့သူဖြစ်ပြီး အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်ထက်ဟာ ကိုယ်ပိုင်သီချင်းအယ်လ်ဘမ်တွေလည်း ထုတ်လုပ်ထားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအတွက် သီချင်းသစ်တွေများစွာကိုလည်း ချပြခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။ သီချင်းဆိုကောင်းရုံသာမက စိတ်ထားလည်းကောင်းပြီး အေးချမ်းစွာနေတတ်တဲ့ အောင်ထက်ကို ပရိသတ်တွေသာမကပဲ အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း အောင်ထက်က သူ့ရဲ့အနုပညာမောင်နှမတစ်ယောက်ဖြစ်တဲ့ အဆိုတော်ချမ်းမြေ့မောင်ချိုတို့ အိမ်ကိုသွားရောက်လည်ပတ်ခဲ့တာကို တွေ့ရပါတယ်။ အောင်ထက်က ချမ်းမြေ့မောင်ချိုတို့အိမ်ကို ရောက်တုန်းရောက်ခိုက် သူကိုယ်တိုင်ပီယာနိုလေးတီးပြီး ညီမလေးမောင်ချိုနဲ့ သီချင်းလေးအတူတူသီဆိုခဲ့တာကိုလည်း အခုလိုမျိုးပဲ တွေ့ရပါတယ်။

အောင်ထက်နဲ့ ချမ်းမြေ့မောင်ချိုတို့ကတော့ အဆိုတော်တွေပီပီ အိမ်မှာ အပျော်တမ်းသီချင်းဆိုတာတောင် အရမ်းနားထောင်လို့ ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း အောင်ထက်နဲ့ မောင်ချိုလေးရဲ့ သီချင်းလေးကို နားဆင်ရလို့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ei Ei ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Ei Ei ‘s fb

error: Alert: Content is protected !!