အဆိုတော်ထက်ယံကတော့ သူချစ်တဲ့ ပပဝတီလေးနဲ့ လက်ထပ်ခဲ့ပြီး ဘဝသစ်တစ်ခုကို တည်ဆောက်ခဲ့ပြီပဲဖြစ်ပါတယ်။ ထက်ယံရဲ့ မင်္ဂလာပွဲသတင်းဟာ ပရိသတ်တွေကြား နာမည်ကြီးနေလျက်ရှိပြီး လူစိတ်ဝင်စားမှုရရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ထက်ယံရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် X Box က ထက်ယံရဲ့ မင်္ဂလာပွဲနေ့က ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်လာခဲ့ပါတယ်။
ထက်ယံရဲ့ မင်္ဂလာဧည့်ခံပွဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ X Box နဲ့ ရဲရင့်အောင်တို့က သတို့သားအရံတွေအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး သရုပ်ဆောင် ဧငြိမ်းဖြူကလည်း သတို့သမီးအရံအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Lil’Z နဲ့ ရွှေထူးတို့ကလည်း ထက်ယံရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့တာကို တွေ့ရပါတယ်။
လူပျိုကြီး X box ကတော့ ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံအဖြစ် ဝမ်းမြောက်စွာဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ယံရဲ့ မင်္ဂလာပွဲအမှတ်တရဓာတ်ပုံတွေကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: X-BOXIN’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သားရံတွေအဖြစ် ကူညီပေးခဲ့ကြတဲ့ X Box နဲ့ ရဲရင့်အောင်
Yolo
Source: X-BOXIN’s fb