ထက်ယံရဲ့မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီးတွေအဖြစ် လိုက်ဖက်စွာ ကူညီဝန်းရံပေးခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲ

ချစ်စရာကောင်းပြီး ဆွဲဆောင်မှုအပြည့်နဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဧငြိမ်းဖြူနဲ့ အဆိုတော် ရဲရင့်အောင်ကတော့ လိုက်ဖက်ညီတဲ့စုံတွဲတွေအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကြီးသူဖြစ်ပါတယ်။ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ကတော့ လူငယ်သမီးရည်းစားတွေပီပီ တစ်ယောက်နဲ့တစ်ယောက် မကြာခဏဆိုသလို စိတ်ဆိုး စိတ်ကောက်လေ့ရှိပြီး လမ်းခွဲပြီလို့လည်း ခဏခဏအသိပေးခဲ့ဖူးကြတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲလေးကို ချစ်ချစ်ခင်ခင်နဲ့ အမြဲတမ်းရှိနေစေချင်ကြတာပဲဖြစ်ပါတယ်။

လမ်းခွဲလိုက်ပြီလို့ ပရိသတ်တွေကို အသိပေးထားခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သား သတို့သမီးအရံတွေအဖြစ် ဆောင်ရွက်ပေးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ထက်ယံရဲ့ မင်္ဂလာပွဲမှာ သတို့သားအရံ သတို့သမီးအရံတွေအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့ အခုဆိုရင် အရင်အတိုင်း ပြန်လည်အဆင်ပြေနေကြပြီပဲဖြစ်ပါတယ်။ ရဲရင့်အောင်တို့အတွဲလေး ရန်မဖြစ်ပဲ အခုလိုပဲ အမြဲတမ်း ချစ်ချစ်ခင်ခင်ရှိနေနိုင်ကြပါစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yair Yint Aung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!