တွေ့ချင်လို့နေပူကြီးထဲစောင့်နေကြတဲ့ ပရိသတ်တွေကို ကိုယ်တိုက်ထွက်တွေ့ပြီး အမှတ်တရဓာတ်ပုံတွေရိုက်ပေးခဲ့တဲ့ အုပ်စိုးခန့်

မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့နေရာ တစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းခံရတဲ့ အုပ်စိုးခန့်ဟာ သူ့ကိုကြိုက်လို့အားပေးကြတဲ့ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကို တန်ဖိုးထားသူဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အုပ်စိုးခန့်က တွေ့ချင်လို့နေပူကြီးထဲစောင့်နေကြတဲ့ ပရိသတ်တွေကို ကိုယ်တိုက်ထွက်တွေ့ပြီး အမှတ်တရဓာတ်ပုံတွေရိုက်ပေးခဲ့တဲ့မြင်ကွင်းလေးကို ဖေ့စ်ဘုတ် Story ကနေတဆင့် အခုလိုပဲမျှဝေပေးလာပါတယ်။

အုပ်စိုးခန့်ကတော့ ပရိသတ်တွေကို အနီးကပ်သွားတွေ့ခဲ့ပြီး ပရိသတ်တွေရဲ့ ဖက်လှဲတကင်းနှုတ်ဆက်ခြင်းကိုလည်း ကျေကျေနပ်နပ်ကြီးခံယူခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း အုပ်စိုးခန့်တို့မြင်ကွင်းလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: OakSoe Khant ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!