တွင်ကယ်လ်ရဲ့ စွန်ကလေးသီချင်းမှာ အခကြေးငွေမယူပဲ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ ပိုင်တံခွန်

အဆိုတော် တွင်ကယ်လ်ကတော့ တချိန်က သီချင်းကောင်းလေးတွေသီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တွင်ကယ်လ်ဟာ အောင်မြင်နေဆဲအချိန်မှာပဲ လမ်းမှားရောက်ခဲ့ပြီး မူးယစ်ဆေးရဲ့သားကောင်ဖြစ်ခဲ့တာကြောင့် အနုပညာအလုပ်တွေနဲ့ရော ပရိသတ်တွေနဲ့ရော အချိန်အတော်ကြာ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။ အလုပ်တွေနဲ့ (၁၅) နှစ်တာ ဝေးကွာသွားခဲ့ပြီးတဲ့နောက်မှာတော့ တွင်ကယ်လ်ဟာ သီချင်းသစ်တစ်ပုဒ်နဲ့ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

တွင်ကယ်လ်ဟာ “စွန်ကလေး ” ဆိုတဲ့ သီချင်းသစ်လေးကို မကြာခင်မှာချပြတော့မှာဖြစ်ပြီး တွင်ကယ်လ်က သူမရဲ့သီချင်းသစ်မှာ သူမလည်းအရမ်းကြိုက် ပရိသတ်တွေလည်းကြိုက်ကြတဲ့ မင်းသားတစ်ယောက်ကို သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါမင်းသားကတော့ နိုင်ငံကျော်မင်းသားချော ပိုင်တံခွန်ဖြစ်ပြီး ပိုင်တံခွန်က “စွန်ကလေး” သီချင်း MV အတွက် အခကြေးငွေမယူပဲ မေတ္တာနဲ့ ကူညီသရုပ်ဆောင်ပေးခဲ့တယ်လို့ တွင်ကယ်လ်က သူမရဲ့အင်တာဗျူးဗီဒီယိုတွေမှာ ဖြေကြားခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ အနုပညာကိုဝါသနာကြီးသူတစ်ယောက်ပီပီ သူ့ရဲ့အနုပညာကို ငွေကြေးနဲ့မဆုံးဖြတ်သလို သူချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေအတွက်လည်း ကူညီဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တွင်ကယ်လ်ရဲ့ “စွန်ကလေး” သီချင်း ထွက်ရှိလာရင် အားပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: တွင်ကယ်လ်’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: တွင်ကယ်လ်’s fb

error: Alert: Content is protected !!