တော်လှန်ရေးအလုပ်တွေလုပ်တဲ့အခါမှာလည်း အနုပညာညီအစ်မအချင်းချင်း ကူညီဖေးမမှုတွေရှိကြောင်း ပြောပြလာတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်သလို ပညာတတ်ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ အဆင်းရော အချင်းပါ ပြီးပြည့်စုံတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ စိတ်နှလုံးသားလည်း ဖြောင့်မတ်တည်ကြည်သူတစ်ယောက်ဖြစ်တာကြောင့် စစ်အာဏာသိမ်းမှုမှာ တရားတဲ့ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့ကာ သူမရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကို ခဏတာခေါက်သိမ်းထားပြီး တော်လှန်ရေးအတွက် သူမတတ်နိုင်တဲ့အင်အားနဲ့ ပါဝင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ 

ပိုင်ဖြိုးသုလိုပဲ တက်သစ်စသရုပ်ဆောင် မြတ်နိုးအေးဟာလည်း သူမရဲ့ အောင်မြင်မှုတွေ စတင်တော့မယ့်အချိန်မှာလည်း စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် မတရားမှုကိုဆန့်ကျင်ပြီး နေအိမ်ကနေ အဝေးကို ထွက်ခွာလာခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် လုံခြုံတဲ့နေရာမှာ အတူတူရှိနေကြရင်း တော်လှန်ရေးအတွက် အလုပ်တွေလုပ်နေကြတဲ့ ပိုင်ဖြိုးသုနဲ့ မြတ်နိုးအေးတို့ဟာ Project Kimo အတွက်လည်း အလုပ်တွေအတူတူလုပ်ခဲ့ကြကြောင်း ပိုင်ဖြိုးသုက “Project Kimo မှာလှူရင်းပလက်ဝကိုကူကြမယ့် ကိုကိုတွေ မောင်မောင်တွေအားတက်အောင်ပြောရရင် ဒီprojectအတွက်ဓါတ်ပုံရိုက်ကွင်းမှာ ယူတို့ရဲ့ Myat Noe Aye – မြတ်နိုးအေး လေးကလည်းနောက်ကွယ်ကနေဓါတ်ပုံရိုက်ကွင်းမှာပါဝင်အားဖြည့်ကူညီထားပါတယ်လို့ 🥰😇💕” ဆိုပြီး ပြောပြလာပါတယ်။

ပိုင်ဖြိုးသုနဲ့ မြတ်နိုးအေးအပြင် သရုပ်ဆောင် ချစ်သုဝေကလည်း လုံခြုံတဲ့နေရာမှာနေထိုင်ရင်း တော်လှန်ရေးအတွက် တစ်တပ်တစ်အားကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အနုပညာညီအစ်မတွေရဲ့ စည်းလုံးမှုကတော့ ရိုက်ကွင်းပေါ်မှာတင်မကပဲ တိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာပါ ဖေးဖေးမမနဲ့ အတူတူရှိနေတာ တကယ့်ကိုချစ်စရာကောင်းလှပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Phyoe Thu’s fb

error: Alert: Content is protected !!