တော်လှန်ရေးမှာ အရမ်းထဲထဲဝင်ဝင်ပါဝင်မိတာကြောင့် လူအချို့ရဲ့ ရှောင်ဖယ်ခြင်းကိုခံနေရပြီဆိုတဲ့ ပန်ကိတ်ဒါဒါ
နာမည်ကြီး ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါကတော့ သြစတေးလျနိုင်ငံမှာနေထိုင်ရင်း မြန်မာ့နိုင်ငံရေးကို ပါဝင်လှုပ်ရှားနေသူတူစ်ယောက်ပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါဟာ တော်လှန်ရေးအတွက် ရံပုံငွေတွေရှာဖွေပေးနေသလို လိုအပ်တာတွေလည်းဖြည့်ဆည်းပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးအတွက် ထဲထဲဝင်ဝင်ပါဝင်ခဲ့တာကြောင့် လူအချို့ရဲ့ ရှောင်ဖယ်ခြင်းကိုခံနေရပြီလို့ ပန်ကိတ်ဒါဒါက ဒီကနေ့မှာ စိတ်မကောင်းစွာ ရင်ဖွင့်လာပါတယ်။
ပန်ကိတ်ဒါဒါက “ဒီမနက်ပေါ့။ စိတ်ထဲ ထင့်နေတာ ကြာပါပြီ။ အသိညီမလေးတစ်ယောက်ကို ခင်တာကြာပါပြီ။ ချစ်စရာလည်းကောင်း ခင်ဖို့လည်းကောင်းတော့ ခင်မင်တယ်ပေါ့။ ပုံတွေ တင်တိုင်း ကျမကလည်း ခင်တဲ့စိတ်နဲ့ပါပဲ Comment တွေရေးတယ်။ ရေးပြီးလည်း ထားလိုက်တာပါပဲ။ ဒါပေမယ့် သတိထားလာမိတာက တလောကမှပါ။ Comment ၁၀ ခု ပေးကြတာ ကျမ comment က ကွက်ချန်ပြီး စာပြန်တာ တွေ့တော့ အစတော့ အော် မမြင်လို့နေမှာပါပေါ့။ ကိုယ်ဆိုလည်း မမြင်ဘူး။ ခနခန အသိတွေကို တောင်းပန်ရတော့ နားလည်တယ်။ ကိုယ်လည်း မြင်တိုင်း ချစ်လို့ခင်လို့ သူမေးတဲ့ မေးခွန်းလားစတာ ဝင်ဖြေလည်း စာမပြန်ဘူး။ 😢 အစက သိမ်ငယ်တာပေါ့။ ငါ့ကိုမခင်လို့လားပေါ့။ ကိုယ်က လူတစ်ယောက်ကို သံသယ နဲ့ ကြည့်ရတာ မကြိုက်တော့ မနေနိုင်တော့ပဲ သွားမေးတော့ ပြန်ဖြေပေးတာ ကျေးဇူးပါနော စစ်။ “တော်လှန်ရေးမှာ တအား active ဖြစ်လို့ စာမပြန်တာတဲ့။” 🥲”
“တောထဲကကလေးတွေ တင်တင်တာ ပဲ တွေ့ဖူးတယ်။ ကိုယ်တိုင်ပြောခံရတော့ ရင်ဘတ်တောင်အောင့်တယ်။ ညီမလေး ပိုင်ဆိုင်ထားသမျှ ဥစ္စာတွေ ဒီထက်တိုးပွါးအဒွန့်ရှည်ပါစေ။ အလှူငွေလည်း မကောက်ပါဘူး ညီမလေးဆီကနေ။ တခါမှလည်း လာမကောက်ဖူးပါဘူး။ ဒါဒါခု ရောင်းတဲ့ လက်စွပ် လက်မှတ်က တစ်စောင် 10000 kyats ဆိုတာ ညီမလေးဘားမှာ သောက်တဲ့ အချိုရည်ဖိုးတောင်မရှိပါဘူးရှင်။ ဒါပေမယ့်လည်း တခါမှ လေ မညိုငြင်ခဲ့ဘူး။ တစ်မနက်လုံး ငိုမိတယ်။ ရင်နာလို့။ နင်တို့တွေ နေပါ။ ပျော်ပါ။ နင်တို့စည်းစိမ်နဲ့ နင်တို့ပဲ စံစားခံစားပါ။ ငါ့ကို အဲ့လောက်တော့ မဟုတ်ဘူး ငါတို့ကို အဲ့လောက်တော့ မဟုတ်ဘူးတောထဲက ငါ့ကလေးတွေ ကို 😭😭 ငါ့ကိုတောင် အဲ့လောက်ပြောတာ ငါ့ကလေးတွေဆို ဘယ်လောက်ပြောခံရမလဲ။ နင်တို့ကလေ မအလ မျိုးတွေနဲ့ ဘာမှမထူးပါဘူးဆိုတာ သိထားပါ။ (အဲ့လိုလူတွေအတွက် မခံစားနဲ့ဆိုပေမယ့် ထိချက်က ပြင်းတာ ခံစားဖူးသူတွေပဲသိတယ်)” ဆိုပြီး ရေးသားလာတာပဲဖြစ်ပါတယ်။
ပန်ကိတ်ဒါဒါကတော့ သူမကတော့ တိုင်းပြည်အကျိုးအတွက် စိတ်ရောကိုယ်ပါနစ်ပြီး ဆောင်ရွက်ခဲ့ပေမယ့် လူတချို့ကတော့ တော်လှန်ရေးအတွက် နှုတ်ဆိတ်နေတဲ့အပြင် တကယ်လုပ်နေတဲ့သူတွေကိုပါ ရှောင်ဖယ်နေတဲ့အကြောင်းကို စိတ်မကောင်းစွာပြောလာတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ya Min Oo’s fb