တော်လှန်ရေးမပြီးခင် သေဆုံးသွားခဲ့ရင် အာဏာရူးတွေကိုဆက်တော်လှန်ဖို့ သားဖြစ်သူကို မှာထားတယ်ဆိုတဲ့ ပိုးလေး

ဟားငါးကောင်အငြိမ့်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးလေးကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အစကတည်းက ပြည်သူထဲကပြည်သူတစ်ယောက်အဖြစ် တရားသောဓမ္မဘက်ကနေ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ ပိုးလေးဟာ စစ်အာဏာရှင်လူတစ်စုကို မြို့ပေါ်မှာဆန္ဒထုတ်ဖော်နေရုံနဲ့တင်မလုံလောက်တဲ့အခါ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့ပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်နေခဲ့တာပဲဖြစ်ပါတယ်။

ကိုယ်တိုင်လည်း လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီဖြစ်သလို မိသားစုနဲ့လည်း အတူတူရှိနေခွင့်ရရှိနေပြီဖြစ်တဲ့ ပိုးလေးဟာ ဒီကနေ့မှာတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောလာပါတယ်။ ပိုးလေးက “ဒီပွဲမပြီးခင် ကျုပ်သေသွားခဲ့ရင် အာဏာရှင်တွေကို ကျုပ်သား ဆက်တိုက်ဖို့ ခုထဲက အာဏာရူးတွေ ဘယ်လောက်ယုတ်မာလဲဆိုတာကို ခေါင်းထဲရိုက်သွင်းပေးထားတယ်” ဆိုပြီး ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ပိုးလေးကတော့ တော်လှန်ရေးကြီးမပြီးဆုံးခင် အကြောင်းအမျိုးမျိုးကြောင့် သူကွယ်လွန်သွားခဲ့ပါက သူ့ရဲ့သားလေးကို စစ်အာဏာရှင်တွေကို ဆက်လက်တော်လှန်ဖို့ ခေါင်းထဲရိုက်သွင်းထားတယ်လို့ ပြောလတာပဲဖြစ်ပါတယ်။ ပိုးလေးတစ်ယောက် တော်လှန်ရေးကြီးအဆုံးထိတိုင် ဘေးမသီရန်မခပဲ ရောက်ချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ko Poe Lay ‘s fb

error: Alert: Content is protected !!