တော်လှန်ရေးပြီးဆုံးသွားခဲ့ရင်တောင် ရန်ကုန်ကို ပြန်လာဖို့ စိတ်ကူးမရှိတော့ဘူးဆိုတဲ့ လူရွှင်တော် ပိုးလေး

ဟားငါးကောင်အငြိမ့်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သလို ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးလေးကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အစကတည်းက ပြည်သူထဲကပြည်သူတစ်ယောက်အဖြစ် တရားသောဓမ္မဘက်ကနေ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ ပိုးလေးဟာ စစ်အာဏာရှင်လူတစ်စုကို မြို့ပေါ်မှာဆန္ဒထုတ်ဖော်နေရုံနဲ့တင်မလုံလောက်တဲ့အခါ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့ပြီး စစ်ကောင်စီကို ဆက်လက်တော်လှန်နေခဲ့တာပဲဖြစ်ပါတယ်။

တောထဲရောက်နေခဲ့တာ တစ်နှစ်ခွဲအချိန်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပိုးလေးဟာ ဒီကနေ့မှာတော့ သူ့အနေနဲ့ ငါးကြိမ်မြောက်ပြောင်းရွှေ့ခဲ့ရတဲ့အကြောင်းကို ပြောပြရင်း သူ့ရဲ့ ရင်တွင်းခံစားချက်အချို့ကို ရင်ဖွင့်လာပါတယ်။ ပိုးလေးက “လွတ်မြောက်နယ်မြေရောက်ထဲက ပြောင်းရွှေ့လာခဲ့တာ ခုနေရာက ငါးနေရာမြောက်ပေါ့။သေချာတာ တစ်ခုကတော့ ကျွန်တော် မြန်မာနိုင်ငံထဲမှာပဲ ခေါင်းချမယ်။ တော်လှန်ရေးပြီးရင်တောင်မှ ရန်ကုန်ကို ပြန်လာဖို့ ကျွန်တော့စိတ်မှာ တကယ်မရှိတော့ဘူး။ပြန်လာဖြစ်ခဲ့ရင်တောင်မှ မလွှဲမရှောင်သာ လာဖြစ်မှာပါ။” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုးလေးကတော့ တောထဲကိုရောက်ပြီးမှ ဆင်းရဲဒုက္ခတွေနဲ့ ကြုံရသလို မကြာသေးခင်ကလည်း ငှက်ဖျားပိုးဝင်ပြီး နေထိုင်မကောင်းဖြစ်ခဲ့ပေမယ့် သူ့ရဲ့နောက်ဆုံးအချိန်ထိ ကို မြန်မာနိုင်ငံအတွင်းမှာပဲနေပြီး ခေါင်းချသွားမယ်လို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Poe Lay ‘s fb

error: Alert: Content is protected !!